Voice Support ရသွားတဲ့ Samsung Galaxy Watch Active2

Samsung Galaxy Watch Active2 ရဲ့ Software Update အသစ်မှာ Voice Support လုပ်ဆောင်ချက် အသစ် ပါလာပါတယ်။ ဒီလုပ်ဆောင်ချက်ကို Galaxy Watch3 မှာပဲ အရင်က ထည့်ပေးထားတာ ဖြစ်ပြီး အားကစားသမားတွေ၊ လေ့ကျင့်ခန်း ပြုလုပ်သူတွေအတွက် အသုံးဝင်ပါတယ်။ Voice Support က သင့် နှလုံးခုန်နှုန်းနဲ့ တခြား ဒေတာတွေကို အခြေခံတွက်ချက်ကာ ရေကူးချိန်၊ ပြေးချိန်တွေမှာ အားပိုစိုက်ရမလား၊ အားလျှော့ရမလားဆိုတာ အသံထွက် ပြောပြပေးပါတယ်။ အဲဒီအတွက် လေ့ကျင့်ခန်း ပြုလုပ်သူရဲ့ အားအင်ကို မျှမျှတတ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Update မှာ အသေးစား Bugs တွေကို ပြင်ဆင်ပေးထားပြီး စွမ်းဆောင်ရည် ပိုကောင်းအောင် ပြုလုပ်ပေးထားပါတယ်။ လက်ရှိမှာ Update ကို တောင်ကိုရီးယားမှာ ဖြန့်ချိပေးထားပြီး မကြာခင် တခြားနိုင်ငံတွေမှာ ရရှိနိုင်ပါတယ်။

Samsung Galaxy Watch Active2 ကို အရင်နှစ် ဩဂုတ်လက ကြေညာခဲ့ပြီး နှလုံးခုန်နှုန်းတိုင်းတာပေးတဲ့ ECG Sensor ပါပါတယ်။ ဒါပေမယ့် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရသေးတဲ့အတွက် နိုင်ငံများစွာမှာ သုံးလို့ မရခဲ့သေးပါဘူး။ ဒီနှစ် ဩဂုတ်လ တောင်ကိုရီးယားမှာ ခွင့်ပြုချက်ရသွားခဲ့ပြီး အသုံးပြုလို့ရလာခဲ့ပါပြီ။

ECG ကို သုံးဖို့အတွက် စမတ်နာရီနဲ့ ချိတ်ဆက်မယ့် ဖုန်းမှာ Samsung Health Monitor App ကို ထည့်သွင်းရမှာပါ။ ECG က သင့်နှလုံးခုန်နှုန်း သာမာန်ထက်မြန်ရင် အသိပေးမှာဖြစ်သလို ဒေတာတွေ ကောက်ယူပေးထားမှာပါ။

Galaxy Watch Active2 ဟာ ECG ကို တိုင်းတာဖို့အတွက် ၃၀ စက္ကန့်လောက်ပဲ ကြာမြင့်ပေမယ့် အဲဒီ ဒေတာတွေကို အခြေခံကာ ဆေးကုသမှုခံယူတာတွေ မလုပ်သင့်ပါဘူး။ နှလုံးကျန်းမာရေးအတွက် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။

Ref : gsmarena

%d bloggers like this: