Acer က 11th Gen Intel Core i5/i7 ပါတဲ့ Swift 5 နဲ့ Swift 3 ကို ကြေညာ

Acer က ပါးလွှာပေါ့ပါးတဲ့ Swift လက်ပ်တော့ အသစ်တွေကို ကြေညာလိုက်ပါတယ်။ Swift 5 နဲ့ Swift 3 လို့ နာမည်ပေးထားပြီး နောက်ဆုံးထုတ် 11th Gen Intel Processor , Intel Iris Xe Graphics တွေနဲ့ အဆင့်မြှင့်ထားပါတယ်။

Swift 5 ကို Intel Evo Platform Notebook Design အဖြစ် အသိအမှတ် ပြုထားပြီး Instant Wake, Intel Iris Xe Graphics , ကြည်လင်တောက်ပတဲ့ မျက်နှာပြင် , တစ်ရက်တာ ဘက်ထရီ သက်တမ်းနဲ့ နောက်ဆုံးပေါ် ဆက်သွယ်မှုတွေ ပါလာပါတယ်။ ၁ ကီလိုဂရမ်ပဲ အလေးချိန်ရှိပြီး ၁၄ လက်မ မျက်နှာပြင် ထည့်ထားပါတယ်။ Swift 5 မှာ 11th Gen Intel Core i5/i7 Processor တွေ ရွေးချယ်နိုင်ပြီး ဘက်ထရီ သက်တမ်းက ၁၇ နာရီတောင်ရှိတဲ့အတွက် ရှယ်သုံးလို့ရပါတယ်။

Swift 3 က အရွယ်ပိုသေးပြီး ၁၃.၅ လက်မ 2256x1504p မျက်နှာပြင် ထည့်သွင်းထားပါတယ်။ သူ့မှာလည်း 11th Gen Intel Core i5/i7 Processor တွေ ရွေးချယ်နိုင်ပါတယ်။ 16GB LPDDR4X RAM အထိ ရွေးချယ်နိုင်ပြီး WiFi 6 , Windows Hello တို့ ထောက်ပံ့ထားပါတယ်။

တန်ဖိုးအနည်းဆုံး အနေနဲ့ Swift 5 ကို ၇၉,၉၉၉ ရူပီးနဲ့ Swift 3 ကို ၆၇,၉၉၉ ရူပီး သတ်မှတ်ထားပြီး ၁၃ သိန်း ၃ သောင်းနဲ့ ၁၀ သိန်း ၆ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ ၁၃ သိန်း ၈ သောင်းနဲ့ ၁၁ သိန်း ၇ သောင်းလောက် အသီးသီး တန်ကြေးရှိပြီး နိုဝင်ဘာလမှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: