ရုရှားရဲ့ လူကြိုက်အများဆုံး Brand ၂၀ မှာ Xiaomi နဲ့ Huawei ပါလာ

တရုတ် ဖုန်း ကုမ္ပဏီ Xiaomi နဲ့ Huawei ဟာ ရုရှားရဲ့ လူကြိုက်အများဆုံး Brand ၂၀ မှာ ပါဝင်လာပါတယ်။ အဲဒီစာရင်းမှာ နယ်ပယ်ပေါင်းစုံက Brand တွေလည်း ပါဝင်ပါတယ်။ Xiaomi ဟာ အဲဒီစာရင်းမှာ လွန်ခဲ့တဲ့နှစ်အနည်းငယ်ထဲက ပါဝင်နေတာ ဖြစ်ပြီး ၂၀၁၈ ခုနှစ်ထဲက စပါလာတာလို့ ဆိုရမှာပါ။ အဲဒီနှစ်တုန်းက နံပါတ် ၁၁ နေရာကို ရထားခဲ့ပြီး ၂၀၂၀ ခုနှစ်မှာတော့ နံပါတ် ၇ နေရာအထိ တက်လာပါတယ်။ ဒီလိုပဲ Huawei ကလည်း လူကြိုက်အများဆုံး Brand ၂၀ စာရင်းထဲ ပါလာပြီး ဒီနှစ်မှာ ပထမဆုံး အကြိမ် ပါလာတာပါ။ နံပါတ် ၁၃ နေရာကို သိမ်းပိုက်ထားပါတယ်။

Xiaomi ဟာ Coca-Cola, LG, Zara, Puma နဲ့ H&M တို့ အပါအဝင် နာမည်ကြီး Brand တွေကို ကျော်တက်လာတာပါ။ Huawei ကလည်း Ostin, McDonald’s, BMW, Pepsi, Asus, Reebok, Apple နဲ့ Levi’s တို့ထက် လူကြိုက်များနေပါတယ်။ ဒီစစ်တမ်းဟာ ၂၀၀၈ ကတည်းက စတင် ပြုလုပ်ခဲ့တဲ့ “Russian Favorite Brand” စစ်တမ်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပါတယ်။

Xiaomi ဟာ ရုရှား ဖုန်းဈေးကွက်မှာ ရောင်းအားအကောင်းဆုံး ဖုန်းတွေကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၆ မှာ Xiaomi ဟာ Apple ကို ကျော်တက်ပြီး နံပါတ် ၁ ဖုန်း ရောင်းအား အကောင်းဆုံး ဖြစ်လာခဲ့ပါတယ်။ နောက်နှစ်မှာလည်း သရဖူကို ဆက်ထိန်းထားနိုင်ခဲ့ပါတယ်။

Ref : gizmochina

%d bloggers like this: