iPhone 12 နဲ့ 12 Pro ရဲ့ Drop Test ဗီဒီယိုကို ဒီမှာ ရှိုးလိုက်

Apple ဟာ iPhone 12 Series မှာ Ceramic Shield ကို မိတ်ဆက်ခဲ့ပြီး ထွက်ခဲ့ပြီးသမျှ iPhone တွေထဲမှာ အမာကြောဆုံး ဖန်မျက်နှာပြင် ဖြစ်ပါတယ်။ Apple က Drop ခံနိုင်စွမ်းဟာ ၄ ဆ ပိုကောင်းလာတယ်လို့ ကြေညာထားပါတယ်။

အခုတော့ iPhone 12 နဲ့ 12 Pro ရဲ့ Drop Test ဗီဒီယို ၁ ခု ထွက်ပေါ်လာပါတယ်။ Shield ဟာ အရှေ့ဘက်ကိုပဲ ကာကွယ်ထားပြီး အနောက်ဘက်မှာ သုံးထားတဲ့ ဖန် အမျိုးအစားကို မသိရသေးပါဘူး။ Pro မော်ဒယ်တွေမှာ Stainless Steel Frame သုံးထားပြီး ရိုးရိုး မော်ဒယ် ၂ လုံးမှာ အလူမီနီယမ်ကို သုံးထားပါတယ်။

Drop Test ဗီဒီယိုကို အောက်မှာ လေ့လာကြည့်ပါ။

ဗီဒီယို အဆုံးနားမှာ Bonus Round ပါလာပြီး ကွန်ကရစ်အထက် အမြင့် ၅ ပေကနေ ဖုန်းတွေကို ချပြခဲ့ပါတယ်။ အဲဒီ မတိုင်ခင်မှာ ဖုန်း အရှေ့ဘက်ကို အောက်စိုက်ထားပြီး ပြေပြစ်တဲ့ သတ္တု မျက်နှာပြင်အပေါ် ၁၀ ကြိမ် ချပြခဲ့ပြီးပါပြီ။

အရှေ့ဘက် မျက်နှာပြင်ဟာ အရမ်းမာကျောပြီး မကွဲအက်တာ တွေ့ရပါတယ်။ ဒါပေမယ့် အနောက်ဘက် မျက်နှာပြင်ဟာ အရမ်း ကွဲအက်တာ မြင်ရတဲ့အတွက် Case တပ်သုံးတာ အကောင်းဆုံးပါ။ ဒါမှမဟုတ် Screen Protector လည်း သုံးနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: