YouTube App မှာ Video Chapters နဲ့ Gesture အသစ်တွေ ပါလာ

YouTube က iOS နဲ့ Android App တွေအတွက် Update အသစ်ကို ဖြန့်ချိပေးလိုက်ပြီး Video Chapters နဲ့ Gesture အသစ်တွေ ပါလာပါတယ်။ Video Chapters ကို ဒတ်စတော့မှာ မေလက စတင် မိတ်ဆက်ခဲ့ပြီး အခုတော့ Mobile App တွေမှာပါ သုံးလို့ရလာပါပြီ။ ကြည့်ရှုသူတွေဟာ ဗီဒီယိုက Section တွေကို ကျော်ကြည့်လို့ရတာ ဖြစ်ပြီး Chapter ၁ ခုချင်းစီရဲ့ Title , Thumbnail နဲ့ Time Stamp တွေကို မြင်ရပါတယ်။ မကြည့်ချင်တဲ့ အပိုင်းတွေကို ကျော်သွားလို့ရတဲ့အတွက် တော်တော် အဆင်ပြေပါတယ်။


ဗီဒီယို ပလေယာမှာလည်း ပြောင်းလဲမှုတွေ ပါလာပါတယ်။ အရင်က Caption ဖွင့်ဖို့အတွက် ပလေယာ ဆက်တင်ထဲမှာ လုပ်ရတာပါ။ အခုတော့ ပလေယာမှာ Caption Button ထည့်ပေးလိုက်ပါတယ်။ ပလေယာမှာ Auto-play အတွက်လည်း Toggle ၁ ခု ထည့်ပေးလိုက်တဲ့အတွက် Full Screen နဲ့ ကြည့်နေရင် အဆင်ပြေပါတယ်။

နောက် ၁ ခုက ပလေယာကို အပေါ်ပွတ်ဆွဲလိုက်ရင် Full Screen နဲ့ပြပေးမှာ ဖြစ်ပြီး အောက်ဆွဲချင်ရင် Full Screen ကနေ ထွက်သွားမှာပါ။ ဒါ့အပြင် ပလေယာက အချိန်ကို နှိပ်ရင် ကျန်ရှိတဲ့ အချိန်နဲ့ ကြည့်ပြီးတဲ့ အချိန်ကို ပြောင်းလဲပြသပေးမှာပါ။

နောက်ဆုံး ၁ ခုက YouTube ဟာ အကောင်းဆုံး ကြည့်နိုင်ဖို့ အကြံပြုပေးလာနိုင်ပါတယ်။ ဥပမာအနေနဲ့ Full Screen နဲ့မှ ကြည့်လို့ပိုကောင်းရင် Rotate လုပ်ဖို့ ပြောပြမှာပါ။ အဲဒီလုပ်ဆောင်ချက် အသစ်တွေကို iOS နဲ့ Android App တွေအတွက် ဖြည်းဖြည်းချင်း ဖြန့်ချိပေးနေပါပြီ။

Ref : fonearena

%d bloggers like this: