144Hz Refresh Rate, SD865 နဲ့ 5,000mAh ဘက်ထရီ ပါတဲ့ Redmi K30s ကို ကြေညာပြီ

Redmi က K30s ကို တရုတ်မှာ ကြေညာလိုက်ပါတယ်။ တကယ်တော့ သူဟာ ဖုန်း အသစ် မဟုတ်ဘဲ နိုင်ငံတကာမှာ မကြာခင်က Mi 10T အဖြစ်ကြေညာခဲ့တဲ့ ဖုန်းကို တရုတ်မှာ နာမည်ပြောင်းရောင်းချတာပါ။ Redmi K30s မှာ ၆.၆၇ လက်မ Full HD+ LCD 144Hz မျက်နှာပြင် ပါလာပြီး Refresh Rate ကို 144Hz, 120Hz, 90Hz, 60Hz, 50Hz, 48Hz , 30Hz အကြား ပြောင်းလဲနိုင်ပါတယ်။

Snapdragon 865 5G Chipset မောင်းနှင်ထားပြီး Liquid Cooling က အကြမ်းစား Chipset ရဲ့ အပူချိန်ကို လျှော့ချပေးနိုင်ပါတယ်။ Android 10 အခြေပြု MIUI 10 ပါလာပြီး ဘေးဘက်လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။ 64MP Main, 13MP Ultrawide နဲ့ 5MP Macro ကင်မရာတွေကို အနောက်ဘက်နဲ့ 20MP ကင်မရာကို အရှေ့ဘက်မှာ ထည့်သွင်းထားပါတယ်။

အရှေ့နဲ့ အနောက်ကို Gorilla Glass 5 နဲ့ ကာကွယ်ထားပြီး အရွယ်ကြီး 5,000mAh ဘက်ထရီ ပါပါတယ်။ 33W Fast Charging က ၁ နာရီအတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

Redmi K30S specifications

• 6.67-inch (2340 × 1080 pixels) Full HD+ LCD screen with 144Hz refresh rate, 500 nits (typ) / 650 nits max brightness, HDR10, MEMC, 98% DCI-P3 Color Gamut, Corning Gorilla Glass 5 protection
• Octa Core (1 x 2.84GHz + 3 x 2.42GHz + 4 x 1.8GHz Hexa) Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 8GB LPPDDR5 RAM with 128GB (UFS 3.1) / 256GB (UFS 3.1) storage
• Dual SIM (nano + nano)
• MIUI 12 based on Android 10
• 64MP rear camera with IMX682 sensor, f/1.89 aperture, LED flash, 13MP 123° ultra-wide angle lens with f/2.4 aperture, 5MP 2cm-10cm macro lens with f/2.4 aperture, 8K video recording
• 20MP front-facing camera with Samsung S5K3T2 sensor, f/2.2 aperture
• Side-mounted fingerprint sensor
• USB Type-C audio, Stereo speakers, Hi-res audio
• Dimensions: 165.1×76.4×9.33mm; Weight: 216g
• 5G SA/NSA Dual 4G VoLTE, Wi-Fi 6 802.11 ax (2.4GHz + 5GHz) 4×4 MIMO, Bluetooth 5.1, GPS (L1 + L5), NFC, USB Type-C
• 5000mAh (Typical) / 4920mAh (minimum) battery with 33W fast charging

အနက်နဲ့ ငွေရောင် ထုတ်လုပ်ထားပြီး နောက်လ ၁၁ ရက်နေ့ တရုတ်မှာ ရောင်းမှာပါ။ 128GB ကို ၂,၅၉၉ ယွမ်နဲ့ 256GB ကို ၂,၇၉၉ ယွမ် သတ်မှတ်ထားပြီး ၅ သိန်းနဲ့ ၅ သိန်း ၃ သောင်းလောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

Ref : fonearena

%d bloggers like this: