Facebook က အခမဲ့ ကစားနိုင်တဲ့ Cloud Gaming ဝန်ဆောင်မှုကို ပြုလုပ်

Microsoft နဲ့Google တို့က Cloud Gaming ဝန်ဆောင်မှုဖြစ်တဲ့ xCloud နဲ့ Stadia တို့ကို အသီးသီး ပြုလုပ်ပေးထားပါတယ်။ အခုတော့ Facebook Gaming ကလည်း အားကျမခံ Cloud Gaming ဝန်ဆောင်မှုကို ပြုလုပ်ပေးလိုက်ပြီး Download လုပ်စရာ မလိုဘဲ Facebook App နဲ့ ဘရောက်စာမှာ အခမဲ့ ကစားနိုင်မှာပါ။

Facebook Cloud Gaming မှာ လိုအပ်တဲ့ ဂိမ်း ဖိုင်တွေကို App နဲ့ ဘရောက်စာမှာ Download လုပ်ကာ ကစားနိုင်မှာပါ။ စတင် ကစားနိုင်မယ့် ဂိမ်းတွေကို အောက်မှာ လေ့လာပါ။

• Asphalt 9: Legends by Gameloft
• Mobile Legends: Adventure by Moonton
• PGA TOUR Golf Shootout by Concrete Software, Inc.
• Solitaire: Arthur’s Tale by Qublix Games
• WWE SuperCard by 2K

ကစားသူတွေဟာ Player Names နဲ့ Gaming-themed Avatars တွေကို ရွေးချယ်နိုင်မှာ ဖြစ်ပြီး သူငယ်ချင်းတွေနဲ့ ချိတ်ဆက် ကစားနိုင်မှာပါ။ Progress နဲ့ In-game Purchases တွေကို အကောင့်မှာ သိမ်းပေးထားမှာ ဖြစ်ပြီး Device များစွာမှာ Sync လုပ်ပေးမှာပါ။

ဘရောက်စာမှာ ဒီလင့် ကနေ ကစားနိုင်မှာပါ။ Apple’s Cloud Games Policy တွေဟာ လက်ရှိမှာ အရမ်းတင်းကြပ်တဲ့အတွက် Android မှာပဲ ကစားလို့ရပါသေးတယ်။ လက်ရှိမှာတော့ Facebook Gaming ကို အမေရိကန်မှာပဲ ကစားနိုင်သေးပြီး မကြာခင် တိုးချဲ့ဖြန့်ချိပေးမှာပါ။

Ref : fonearena

%d bloggers like this: