5G နဲ့ 64MP ကင်မရာ ပါတဲ့ OnePlus Nord N10 ကို ကြေညာ

OnePlus က တန်ဖိုးနည်း 5G ဖုန်း အသစ် ၁ လုံးကို ကြေညာလိုက်ပါတယ်။ OnePlus Nord N10 လို့ နာမည်ပေးထားပြီး ၆.၄၉ လက်မ FHD+ 90Hz မျက်နှာပြင် တပ်ဆင်ထားပါတယ်။ 16MP Punch Hole ဆဲလ်ဖီး ကင်မရာ၊ Snapdragon 690 Chipset ၊ 6GB RAM ၊ အနောက်ကင်မရာ ၄ လုံးနဲ့ 4,300mAh ဘက်ထရီတွေ ထည့်သွင်းထားပါတယ်။

Warp Charge 30T က အားသွင်းရင် မြန်စေပြီး Android 10 အခြေပြု Oxygen OS 10.5 ထည့်ထားပါတယ်။ နိုင်ငံအပေါ်မူတည်ပြီး Single SIM နဲ့ Dual SIM Version တွေ ရောင်းမှာပါ။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာ မြှပ်နှံထားပါတယ်။

OnePlus Nord N10 5G specifications

• 6.49-inch (1080 x 2400 pixels) Full HD+ LCD screen with 90Hz refresh rate, 2.5D Corning Gorilla Glass 3 protection
• Octa Core Snapdragon 690 8nm Mobile Platform (2GHz x 2+1.8GHz x 6 Kryo 560 CPUs) with Adreno 619L GPU
• 6GB LPDDR4x RAM, 128GB (UFS 2.1) storage, expandable memory up to 512GB with microSD
• Dual SIM
• Android 10 with Oxygen OS 10.5
• 64MP rear camera with f/1.79 aperture, LED flash, 8MP ultra-wide camera with f/2.25 aperture, 2MP monochrome sensor and 2MP macro camera with f/2.4 aperture
• 16MP front-facing camera with f/2.05 aperture
• Rear-mounted fingerprint sensor
• Dimensions: 163 x 74.7 x 8.95mm; Weight: 190g
• 3.5mm audio jack, stereo speakers
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5.1, GPS/ GLONASS/ Beidou, NFC, USB Type-C
• 4,300mAh battery with Warp Charge 30T charging

OnePlus Nord N10 အတွက် Midnight Ice အရောင် ထုတ်လုပ်ထားပြီး ၃၈၈ ဒေါ်လာ သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သိန်းတန် 5G ဖုန်း ဖြစ်ပြီး နိုဝင်ဘာလမှာ ဗြိတိန်နဲ့ ဥရောပမှာ အရင်ဆုံး ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: