တရုတ်က စတိုးတချို့မှာ ဆေးကွာနေတဲ့ iPhone 12

တရုတ်က စတိုးတချို့မှာ ပြသထားတဲ့ iPhone 12 အလုံးတွေမှာ ဆေးကွာတဲ့ ပြဿနာ ဖြစ်ပွားနေပါတယ်။ အဲဒီ ဓါတ်ပုံတွေကို အွန်လိုင်းမှာ မျှဝေထားကြပြီး ဘေးဘက်ကိုယ်ထည်က ဆေးတွေ ကွာနေတာ မြင်ရပါတယ်။

ဘလော့ဂါ Lie Feng က အဲဒီ ပုံတွေကို Apple စတိုးတွေကနေ တိုက်ရိုက် မျှဝေလိုက်တာ ဖြစ်ပြီး ဘလော့ဂါက ခဏခဏ ထိတွေ့လို့ ဆေးကွာတာလို့ သုံးသပ်ပါတယ်။ ဒါလည်း မှန်နိုင်ပါတယ်။ iPhone 12 စရောင်းတဲ့ ပထမဆုံး အပတ်မှာ လူများစွာ စတိုးတွေမှာ ပြုံတိုးခဲ့ပြီး ဖုန်းတွေကို ကိုင်တွယ်စမ်းသပ်ခဲ့ကြပါတယ်။ ဒါပေမယ့်လည်း ဆေးကွာလောက်တဲ့အထိတော့ မဖြစ်သင့်ဘူး ထင်ပါတယ်။


ဒါတင်မကသေးပါဘူး။ Max Weinbach က သူ့ရဲ့ iPhone 12 Pro အသစ်ရဲ့ ကင်မရာနဲ့ ကိုယ်ထည်ဟာ ထိခိုက်မိတာ မရှိဘဲနဲ့ မှန် ကွဲအက်သွားတယ်လို့ ပို့စ်တင်ထားပါတယ်။ Apple က သူ့ရဲ့ ဖုန်းကို အသစ်နဲ့လဲကာ ဖြေရှင်းပေးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒေါ်လာ ၁၀၀၀ ကျော်တန်ဖုန်းမှာ ဒီလို ပြဿနာတွေ ရှိနေတာက သိပ်မမိုက်ပါဘူး။ မကြာခင်မှာ iPhone 12 Series ဘယ်လောက် အကြမ်းခံသလဲဆိုတာ ပိုမို သိလာရတော့မှာပါ။

Ref : gizmochina

%d bloggers like this: