အဓိက Specs တွေထွက်လာတဲ့ Samsung Galaxy S21 Ultra

ဒီနှစ်ထဲမှာ Samsung က စွမ်းရည်မြင့် Galaxy S20 Series နဲ့ Galaxy Note Series ကို ကြေညာထားပါတယ်။ ဒါပေမယ့်လည်း နောက်နှစ်ထွက်မယ့် Galaxy S Series တွေရဲ့ သတင်းတွေ စထွက်လာပါပြီ။ အခုတော့ Galaxy S21 Ultra ရဲ့ အဓိက Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ၆.၈ လက်မ 2K Dynamic AMOLED မျက်နှာပြင် ထည့်သွင်းထားပြီး 144Hz Refresh Rate အထိ ထောက်ပံ့ထားတာက မိုက်ပါတယ်။ အရှေ့ ကင်မရာက 40MP ဖြစ်ပြီး နိုင်ငံအပေါ် မူတည်ကာ Snapdragon 875 or Exynos 2100 Chipset တွေ ထည့်သွင်းထားနိုင်ပါတယ်။ အနက်၊ ငွေနဲ့ ခရမ်းရောင်တွေ ထုတ်လုပ်ထားနိုင်ပါတယ်။

အရင်သတင်းတွေအရ 65W Fast Charging နဲ့ 108MP ကင်မရာ ပါလာမယ်လို့ သိရပါတယ်။ စုစုပေါင်း အနောက်ကင်မရာ ၅ လုံး ထည့်ထားမှာ ဖြစ်ပြီး Samsung ရဲ့ HM2 108MP Main ကင်မရာ ပါလာမှာပါ။ 1080p 240fps , 4K 120fps နဲ့ 8K 30fps ဗီဒီယိုတွေ ရိုက်ကူးနိုင်မယ်လို့ သိရပါတယ်။

GalaxyClub က Galaxy S21 Ultra မှာ Galaxy S20 Ultra မှာလို 5,000mAh ဘက်ထရီ ထည့်သွင်းထားနိုင်တယ်လို့ အရင်က သတင်းပေးထားပါတယ်။ Samsung ဟာ တရုတ် အခြေစိုက် Amperex Technology Limited (ATL) ကနေ ဘက်ထရီတွေ သုံးမယ်လို့ သိခဲ့ရပါတယ်။

Galaxy S21, S21 Plus နဲ့ S21 Ultra ၃ လုံး ထုတ်လုပ်ထားနိုင်ပြီး ဩဂုတ်လမှာ တောင်ကိုရီးယားက ထွက်လာတဲ့ သတင်းအရ Galaxy S21 မှာ ToF Sensor မပါလာနိုင်ဘူးလို့ သိရပါတယ်။ Samsung က ToF Sensor ဟာ အသုံးချဖို့ သိပ်မလိုအပ်ဘူးလို့ ယူဆတဲ့အတွက် မထည့်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒါ့အပြင် Samsung သုံးတဲ့ Indirect ToF နည်းပညာဟာ Apple သုံးတဲ့ Direct ToF နည်းပညာလောက် သိပ်မကောင်းပါဘူး။ Sony က အဲဒီနည်းပညာကို Apple အား အပြတ်ရောင်းထားတဲ့အတွက် Samsung သုံးလို့ မရတာပါ။

နာမည်ကျော် Tipster ဖြစ်သူ Ice Universe က Galaxy S21 မှာ မျက်နှာပြင်အောက် ဆဲလ်ဖီး ကင်မရာ ပါလာနိုင်တယ်လို့ အရင်ကသတင်းပေးထားပါတယ်။

Ref : gsmarena

%d bloggers like this: