Acer TravelMate P2, P4 နဲ့ Spin P4 Laptop တွေကို ကြေညာ

Acer က ခရီးသွားရင် သက်တောင့်သက်သာသယ်သွားနိုင်ပြီး စွမ်းရည်မြင့်တဲ့ စီးပွားရေး လုပ်ငန်းသုံး TravelMate Series လက်ပ်တော့တွေကို ထုတ်လုပ်ရောင်းချနေပါတယ်။ အခုတော့ TravelMate Spin P4, TravelMate P4 နဲ့ TravelMate P2 မော်ဒယ် အသစ် ၃ လုံးကို ချပြလိုက်ပြီး အားလုံးမှာ 11th Gen Intel Core CPU တွေ ပါပါတယ်။

လက်ပ်တော့ အားလုံးမှာ 11th Gen Intel Core Processor တွေ ထည့်သွင်းထားပြီး Iris Xe Graphics or Nvidia GeForce MX350 GPU တွေ ရွေးချယ်နိုင်ပါတယ်။ 32GB DDR4 RAM , Thunderbolt 4 နဲ့ 1TB M.2 SSD Storage တွေ အထိ ထည့်သွင်းနိုင်ပါတယ်။ P4 နဲ့ Spin 4 မှာ MIL-STD-810G စံနှုန်း ပါတဲ့အတွက် အကြမ်းခံပြီး ကီးဘုတ်က ရေစက်ရေပေါက် မဝင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ တုန်ခါမှုဒဏ်ခံနိုင်အောင် ဖန်တီးပေးထားပါတယ်။

မော်ဒယ် အားလုံးမှာ Intel WiFi 6 နဲ့ eSIM 4G LTE တွေ ထည့်သွင်းထားပြီး Spin P4 နဲ့ P4 ရဲ့ ဘက်ထရီ သက်တမ်းက ၁၅ နာရီနဲ့ P2 က ၁၃ နာရီ ခံပါတယ်။ အားလုံးမှာ Windows Hello ထောက်ပံ့တဲ့ IR ကင်မရာနဲ့ လက်ဗွေရာ ကိရိယာတွေ ထည့်သွင်းထားသလို Webcam Privacy Cover တပ်ထားပါတယ်။

Pricing and availability

• TravelMate P2 (TMP214-53) will be available in North America in March 2021 starting at $799.99 (Approx. Rs. 58,946)
• TravelMate P4 (TMP414-51) will be available in North America in December starting at $899.99 (Approx. Rs. 66,314)
• TravelMate Spin P4 (TMP414RN-51) will be available in North America in December starting at $999.99 (Approx. Rs. 73,683).

Ref : fonearena

%d bloggers like this: