Huawei က Sound Bluetooth စပီကာကို ကြေညာ

Huawei က ပြင်သစ်ရဲ့ တန်ဖိုးကြီး Audio ထုတ်လုပ်တဲ့ ကုမ္ပဏီနဲ့ ပူးပေါင်း ဖန်တီးထားတဲ့ Sound X စပီကာကို မတ်လက ကြေညာခဲ့ပါတယ်။ အခုတော့ Huawei Sound လို့ နာမည်ပေးထားတဲ့ မျိုးဆက်သစ် စမတ် စပီကာကို ချပြလိုက်ပါပြီ။ ဒီဇိုင်းက ဆင်တူပြီး ၃၆၀ ဒီဂရီ အသံပတ်လည်ပြေးစနစ် ထည့်သွင်းထားပါတယ်။ Devialet ရဲ့ နာမည်ကျော် 4-speaker Acoustic Design ပါလာပါတယ်။

Huawei Sound ကိုယ်ထည်ထဲမှာ Full-range Speaker ၃ လုံး၊ Woofer ၁ လုံးနဲ့ Passive Unit ၂ လုံး ထည့်ထားတဲ့အတွက် 55hz Frequency Response အထိ ထုတ်လုပ်ပေးပါတယ်။ User တွေက Hi-Fi, Vocal, Devialet SPACE Soundstage နဲ့ Bass စတဲ့ Sound Effect ၄ ခုကြားမှာ ရွေးချယ်နိုင်ပါတယ်။

WLAN 2.4GHz နဲ့ 5GHz ဆက်သွယ်မှု ၂ ခုစလုံးကို ထောက်ပံ့ထားပြီး 3.5mm AUX-in , Bluetooth 5.0 တွေ ပါပါတယ်။ Sony ရဲ့ LDAC က အရည်အသွေးမြင့် Audio Transmission ကို ဖန်တီးပေးပါတယ်။ စမတ်ဖုန်းနဲ့ စပီကာကို NFC ကနေ မြန်မြန် ချိတ်ဆက်နိုင်တဲ့ Huawei Share လုပ်ဆောင်ချက်ပါပါတယ်။ Huawei Sound ကို ဥရောပမှာ ၁၉၉ ယူရိုနဲ့ ရောင်းမှာဖြစ်ပြီး ၃ သိန်းလောက်ပဲရှိပါတယ်။

Ref : fonearena

%d bloggers like this: