Huawei က Low-latency Gaming Mode ပါတဲ့ FreeBuds Studio ကို ကြေညာ

Huawei က Noise-cancelling Headphones အသစ် FreeBuds Studio ကို ကြေညာလိုက်ပါတယ်။ အသံ ကြည်လင်ပြတ်သားစေတဲ့ 4 Layer 40mm Polymer Diaphragm ထည့်သွင်းထားပြီး ပတ်ဝန်းကျင်က ဆူညံသံကို တိတိကျကျ ဖျောက်ပေးနိုင်ပါတယ်။

ဒီလို ဆူညံသံတွေကို ဖျောက်ပေးဖို့အတွက် မိုက်ကရိုဖုန်း ၈ လုံး သုံးထားပြီး သက်တောင့်သက်သာ ဝတ်ဆင်နိုင်အောင် နားထဲက လေဖိအားကို ချိန်ညှိနိုင်ပါတယ်။ နားကြပ်က လူ စကားပြောတဲ့ အသံနဲ့ ပတ်ဝန်းကျင်က ဆူညံသံတွေကို တိတိကျကျ ခွဲခြားနိုင်ပြီး မလိုလားအပ်တဲ့ အသံတွေကို ဖျောက်ပေးတာက အမိုက်ဆုံး လုပ်ဆောင်ချက်ပါ။

ဂိမ်းကစားရင် Latency လျှော့ချပေးတဲ့အတွက် အသံနောက်ကျတာ သိပ်မဖြစ်ပါဘူး။ ၂၄ နာရီ အသုံးခံတဲ့ 410mAh ဘက်ထရီ ပါလာပါတယ်။

HUAWEI FreeBuds Studio specifications

• Bluetooth 5.2 with L2HC high-resolution codec
• Dual-antenna design provides a wide signal coverage
• 40mm dynamic driver, Simultaneous Bluetooth connection with dual devices
• Ultra-wide frequency response range from 4Hz to 48 kHz
• Dynamic Active Noise Cancellation Technology with 8 mics, up to 40dB noise reduction
• Intelligent Dynamic ANC -Ultra Mode,Cozy Mode and General Mode
• Awareness Mode lets the ambient sound in
• Voice Mode reduces the ambient sounds to make human voices stand out
• Low latency for gaming with wireless audio coding algorithm that greatly reduces signal latency
• Dimensions: 165x 150x 81.5mm (per earbud); Weight: 260g
• 410mAh battery offers 24h (without ANC) playback on 1 charge, 8h (5h with ANC) playback on 10 minutes of fast charge

Huawei FreeBuds Studio အတွက် အနက်နဲ့ ရွှေရောင်တွေ ထုတ်လုပ်ထားပြီး ၂၉၉ ယူရို သတ်မှတ်ထားပါတယ်။ ၄ သောင်းခွဲလောက် ကျသင့်မှာ ဖြစ်ပြီး ရောင်းမယ့် အချိန်ကို မသိရသေးပါဘူး။

Ref : fonearena

%d bloggers like this: