OnePlus Nord N10 နဲ့ N100 ဖုန်းတွေရဲ့ သတင်းအချက်အလက်တွေ ပေါက်ကြားလာ

OnePlus က ၂၆ ရက်နေ့မှာ Nord Series ဖုန်း အသစ် ၂ လုံးကို ကြေညာတော့မှာ ဖြစ်ပြီး စွမ်းရည်သင့် N10 နဲ့ စွမ်းရည်နိမ့် N100 တို့ ဖြစ်ပါတယ်။ အခုတော့ သူတို့ရဲ့ အဓိက Specs တွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။

Nord N10 မှာ 5G , 6.49” FHD+ မျက်နှာပြင် , 90Hz Refresh Rate တွေ ပါလာမှာ ဖြစ်ပြီး LCD လား၊ OLED လားဆိုတာ မသိရသေးပါဘူး။ Chipset က Snapdragon 690 ဖြစ်ပြီး 6GB RAM , 128GB Storage တွေ ထည့်ထားမှာပါ။ 64MP Main ,8MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံးကို အနောက်ဘက်မှာ တပ်ဆင်ထားမှာဖြစ်ပြီး ဘက်ထရီက 4,300mAh ဖြစ်ပါတယ်။

Nord N100 မှာ 4G ပဲ ပါလာမှာ ဖြစ်ပြီး 6.52” HD+ LCD, Snapdragon 460, 4GB RAM, 64GB Storage နဲ့ 5,000mAh ဘက်ထရီတွေ ထည့်ထားမှာပါ။ အနောက်ဘက်မှာ 13MP Main , 2MP Depth နဲ့ 2MP Macro ကင်မရာ ၃ လုံးပဲ ပါလာမှာ ဖြစ်ပါတယ်။

OnePlus က N100 နဲ့ N10 ကို ၃၇၉ ဒေါ်လာအောက်နဲ့ ရောင်းနိုင်ပြီး မြန်မာငွေ ၄ သိန်း ၉ သောင်းအောက်ကျသင့်မှာပါ။

Ref : gsmarena

%d bloggers like this: