Redmi K30s ကို ၂၇ ရက်နေ့ ကြေညာနိုင်

Redmi K30s ရဲ့ သတင်းတွေ နေ့တိုင်းလိုလို ထွက်နေပြီး Xiaomi Mi 10T ကို နာမည်ပြောင်းရောင်းတာလို့ သတင်းထွက်နေပါတယ်။ အခုတော့ သူ့ကို လာမယ့် ၂၇ ရက်နေ့ ကြေညာမယ်လို့ သတင်းထွက်လာပါတယ်။ အနောက်ဘက်က Logo က လွဲပြီး ဖုန်း ဒီဇိုင်းနဲ့ Specs အားလုံးဟာ Mi 10T နဲ့ တူညီနိုင်ပါတယ်။

မကြာခင်ကပဲ TENAA မှာ Redmi K30s ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ထွက်လာပါတယ်။ TENAA က စာရင်းအရ Redmi K30s မှာ ၆.၆၇ လက်မ LCD FHD+ မျက်နှာပြင်နဲ့ 20:9 Aspect Ratio ထည့်ထားပြီး 144Hz Refresh Rate ပါလာမှာပါ။ LCD ဖြစ်တဲ့အတွက် ဘေးဘက်လက်ဗွေရာ ကိရိယာပဲ ထည့်ထားမှာပါ။ Snapdragon 865 Chipset မောင်းနှင်ထားပြီး Android 10 အခြေပြု MIUI 12 ပါလာမှာပါ။

RAM အနေနဲ့ 6GB, 8GB နဲ့ 12GB ၃ မျိုး ထုတ်လုပ်ထားမှာပါ။ Storage အပိုင်းမှာလည်း 128GB, 256GB နဲ့ 512GB ၃ မျိုး ပါလာမှာပါ။ RAM နဲ့ Storage တွေကို ဘယ်လိုတွဲစပ်ထားမလဲ မသိရသေးပါဘူး။ 64MP ကင်မရာ ပါလာမှာပါ။ 4,900mAh လို့ ဖော်ပြထားပေမယ့် 5,000mAh ဘက်ထရီ ဖြစ်နိုင်ပါတယ်။ အရွယ်အစား အပြည့်အစုံက 165.1 x 76.4 x 9.33 mm နဲ့ အလေးချိန်က ၂၁၆ ဂရမ် ဖြစ်ပါတယ်။ ဘက်ထရီကြီးလို့ တော်တော် လေးပါတယ်။

Ref : gizchina

%d bloggers like this: