Xiaomi က Redmi K30s ဟာ K30 Ultra ထက် ဈေးသက်သာမယ်လို့ ပြော

Redmi ရဲ့ အထွေထွေ မန်နေဂျာ ဖြစ်သူက ဝီဘိုမှာ Redmi K30s ရဲ့ Teaser ၁ ခုကို တင်လိုက်ပြီး K30 Ultra ထက် ဈေးသက်သာမယ်လို့ သတင်းပေးထားပါတယ်။ ပေါက်ကြားသတင်းအရ Singles’ Day ဈေးရောင်း ပွဲတော် မတိုင်ခင် သူ့ကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ရောင်းမယ်လို့ သိရပါတယ်။

Xiaomi က မကြာခင်ကပဲ Mi 10T Series တွေကို ကြေညာခဲ့ပါတယ်။ Xiaomi Mi 10T ကို Redmi K30s နာမည်နဲ့ နိုင်ငံတချို့မှာ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ မကြာခင်ကပဲ TENAA မှာ Redmi K30s ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ထွက်လာပါတယ်။

TENAA က စာရင်းအရ Redmi K30s မှာ 64MP ကင်မရာ ပါလာမှာပါ။ RAM အနေနဲ့ 6GB, 8GB နဲ့ 12GB ၃ မျိုး ထုတ်လုပ်ထားမှာပါ။ Storage အပိုင်းမှာလည်း 128GB, 256GB နဲ့ 512GB ၃ မျိုး ပါလာမှာပါ။ RAM နဲ့ Storage တွေကို ဘယ်လိုတွဲစပ်ထားမလဲ မသိရသေးပါဘူး။ 4,900mAh လို့ ဖော်ပြထားပေမယ့် 5,000mAh ဘက်ထရီ ဖြစ်နိုင်ပါတယ်။

၆.၆၇ လက်မ LCD FHD+ မျက်နှာပြင်နဲ့ 20:9 Aspect Ratio ထည့်ထားပြီး 144Hz Refresh Rate ပါလာမှာပါ။ LCD ဖြစ်တဲ့အတွက် ဘေးဘက်လက်ဗွေရာ ကိရိယာပဲ ထည့်ထားမှာပါ။ အရွယ်အစား အပြည့်အစုံက 165.1 x 76.4 x 9.33 mm နဲ့ အလေးချိန်က ၂၁၆ ဂရမ် ဖြစ်ပါတယ်။ ဘက်ထရီကြီးလို့ တော်တော် လေးပါတယ်။ Snapdragon 865 Chipset မောင်းနှင်ထားပြီး Android 10 အခြေပြု MIUI 12 ပါလာမှာပါ။

Ref : gizchina

%d bloggers like this: