OnePlus Nord N10 ရဲ့ ဓါတ်ပုံ ထွက်ပေါ်လာ

OnePlus Nord ဖုန်း အသစ် ၁ လုံးရဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ Nord N10 5G လို့ နာမည်ပေးထားပြီး မကြာခင်မှာ ကြေညာမယ်လို့ ထင်ပါတယ်။ ဒေါ်လာ ၄၀၀ အောက်နဲ့ ရောင်းချမယ်လို့ သိရတဲ့အတွက် ၅ သိန်းအောက်လောက် ကျသင့်နိုင်ပါတယ်။ နာမည်ကျော် Tipster ၁ ယောက်ဖြစ်တဲ့ Max J က တွစ်တာမှာ သူ့ရဲ့ ဓါတ်ပုံ ၁ ပုံကို တင်ထားပါတယ်။
https://twitter.com/MaxJmb/status/1318874759686488067?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1318874759686488067%7Ctwgr%5Eshare_3%2Ccontainerclick_1&ref_url=https%3A%2F%2Fwww.gsmarena.com%2Foneplus_nord_n10_sketch_leaks_shows_off_8tlooking_back-news-45909.php
ဖုန်းရဲ့ အနောက်ဘက်ဟာ ကွေးညွှတ် ဒီဇိုင်း ဖြစ်ပြီး ကင်မရာ ဒီဇိုင်းက OnePlus 8T နဲ့ ဆင်တူပါတယ်။ အရင် သတင်းတွေအရ သူ့မှာ Snapdragon 690 Chipset , 6GB RAM နဲ့ 128GB Storage တွေ ပါမယ်လို့ သိရပါတယ်။ ၆.၄၉ လက်မ AMOLED မျက်နှာပြင် ၊ 90Hz Refresh Rate နဲ့ FHD+ Resolution ပါလာနိုင်ပါတယ်။

ပင်မ ကင်မရာက 64MP ဖြစ်ပြီး 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာတွေ ထည့်သွင်းထားနိုင်ပါတယ်။ ဘက်ထရီ ပမာဏကို မသိရသေးပေမယ့် 18W Wired Charging ပါလာနိုင်ပါတယ်။ Nord N10 5G ဟာ OnePlus 8T ပြီးနောက်မှာ ကြေညာမယ့် ဖုန်း ဖြစ်လာမှာပါ။

Ref : gsmarena

%d bloggers like this: