၉ သောင်းကျော်ပဲရှိတဲ့ Gionee F8 Neo ကို ကြေညာ

Gionee F8 Neo ကို ပြီးခဲ့တဲ့ ၁ ပတ်က Google Play Console မှာ တွေ့ခဲ့ရပြီး Specs တချို့ကို သိခဲ့ရပါတယ်။ အခုတော့ သူ့ကို အိန္ဒိယမှာ တရားဝင် ကြေညာလိုက်ပြီ ဖြစ်ပြီး ၇၅ ဒေါ်လာလောက်ပဲရှိပါတယ်။ ၉ သောင်းကျော်ပဲ ရှိတဲ့အတွက် အရမ်းကို ဈေးချိုပါတယ်။

Gionee F8 Neo ဟာ တန်ဖိုးနည်း စွမ်းရည်နိမ့် ဖုန်း ဖြစ်ပြီး ပထမဆုံး ဖုန်း စသုံးမယ့် သူတွေအတွက် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ ၂၀၂၀ ထုတ် Samsung ရဲ့ ဈေးအချိုဆုံး ဖုန်း ဖြစ်တဲ့ Galaxy M01 Core နဲ့ တိုက်ရိုက် ယှဉ်ပြိုင်မှာပါ။

Gionee F8 Neo မှာ ၅.၄ လက်မ HD+ LCD မျက်နှာပြင် ပါလာပြီး Notch , Punch Hole တွေ မပါဘဲ မျက်နှာပြင်အထက်ကဘောင်မှာ 5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 8MP ကင်မရာ ၁ လုံးပဲ ထည့်သွင်းထားပြီး LED Flash နဲ့ တွဲဖက်ထားပါတယ်။ တန်ဖိုးနည်း ဖုန်း ဖြစ်တဲ့အတွက် လက်ဗွေရာ ကိရိယာ မပါလာဘဲ Face Unlock ပဲ ထောက်ပံ့ထားပါတယ်။

Chipset ကို မသိရသေးပေမယ့် Google Play Console မှာ Unisoc SC9863A Chipset လို့ ဖော်ပြထားပါတယ်။ 2GB RAM နဲ့ 32GB Storage ထည့်သွင်းထားပြီး 256GB microSD Card စိုက်နိုင်ပါတယ်။ Android 10 နဲ့ 3,000mAh ဘက်ထရီ ပါလာပြီး 10W Charging ပဲ ထည့်ထားပါတယ်။ အနက်၊ အပြာနဲ့ အနီရောင် ထုတ်လုပ်ထားပြီး အိန္ဒိယမှာ ရောင်းပေးလိုက်ပါပြီ။

Ref : gizmochina

%d bloggers like this: