OnePlus 9 ကို စောစော ကြေညာနိုင်

OnePlus 8 နဲ့ 8 Pro ကို ဒီနှစ် ဧပြီလမှာ ကြေညာခဲ့ပေမယ့် OnePlus 9 ကတော့ ဒီထက်စောပြီး ထွက်လာမယ်လို့ သတင်းပေါက်ကြားလာပါတယ်။ OnePlus 9 ကြေညာမယ့် အချိန်ကို အတိအကျ မသိရသေးပေမယ့် နောက်နှစ် မတ်လလယ်မှာ ကြေညာမယ်လို့ Android Central က ပြောပါတယ်။ အဲဒီအတွက် OnePlus 9 နဲ့ T မော်ဒယ်တွေဟာ အချိန် နည်းနည်း ပိုကွာသွားမှာပါ။

OnePlus 9 ရဲ့ သတင်းအချက်အလက်တွေကို လက်ရှိမှာ သိပ်မသိရသေးပေမယ့် သေချာတာက Qualcomm ရဲ့ မကြေညာရသေးတဲ့ Snapdragon 875 SoC နဲ့ 65W Fast Charging တွေ ထည့်သွင်းထားမှာပါ။

OnePlus 8T မှာလိုပဲ OnePlus 9 မှာ 120Hz AMOLED မျက်နှာပြင် ပါလာနိုင်ပါတယ်။ OnePlus 9 ရဲ့ လျှို့ဝှက်နာမည်ဟာ Lemonade ဖြစ်ပြီး ကုမ္ပဏီက စတင် ဖန်တီးနေပြီ ဖြစ်ပါတယ်။ လာမယ့် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ သူ့ရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: