Vivo က iQOO Z1 5G ရဲ့ 12/128GB Version အသစ်ကို ရောင်းချ

Vivo iQOO Brand က 5G စမတ်ဖုန်း ဖြစ်တဲ့ iQOO Z1 5G ကို ရောင်းချပေးထားပါတယ်။ Sky Blue , Blue Black နဲ့ Silver အရောင်တွေ ထုတ်လုပ်ထားပြီး 6/128GB ကို ၂၁၉၈ ယွမ်၊ 8/128GB ကို ၂၄၉၈ ယွမ်နဲ့ 8/256GB ကို ၂၇၉၈ ယွမ် သတ်မှတ်ထားပါတယ်။ အခုတော့ 12/128GB မော်ဒယ် အသစ်ကို တရုတ်မှာ ရောင်းပေးလိုက်ပါတယ်။ ၂,၅၉၈ ယွမ် သတ်မှတ်ထားပြီး ၅ သိန်းလောက် ကျသင့်မှာဖြစ်ပါတယ်။

iQOO Z1 5G ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၅၇ လက်မ FHD+ 20:9 LCD မျက်နှာပြင် တပ်ဆင်ထားပါတယ်။ Screen to body Ratio က ၉၀.၄ ရာခိုင်နှုန်း ဖြစ်ပြီး 144Hz Refresh Rate က ဖလန်းဖလန်းထအောင် မျက်နှာပြင်က မြန်မှာပါ။ 16MP Punch Hole ကင်မရာပါလာပြီး နောက်ဆုံးထုတ် MediaTek Dimensity 1000+ SoC မောင်းနှင်ထားပြီး Liquid Cooling ထောက်ပံ့ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာပြီး ၀.၁၆ စက္ကန့်အတွင်းမှာ Unlock လုပ်နိုင်ပါတယ်။

အနောက်ဘက်မှာ 48MP Main , 8MP Ultrawide နဲ့ 2MP Macro ကင်မရာ ၃ လုံး ထည့်ထားပြီး 44W Flash Charge 2.0 ပါတဲ့ 4,500mAh ဘက်ထရီ ပါပါတယ်။ ၂၃ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

iQOO Z1 5G specifications

• 6.57-inch (2408 × 1080 pixels) Full HD+ LCD 20:9 aspect ratio screen with HDR10+, 144Hz refresh rate, DCI-P3 color gamut, 96% NTSC color gamut
• Octa-Core (4×A77 2.6GHz + 4×A55 2.0GHz) Dimensity 1000+ 7nm processor with Mali-G77 MC9 GPU
• 6GB / 8GB LPDDR4X RAM with 128GB UFS 2.1) storage / 8GB LPDDR4X RAM with 256GB (UFS 2.1) storage
• Android 10 with iQOO UI 1.0
• Dual SIM (nano + nano)
• 48MP primary camera with Sony IMX582 sensor, f/1.79 aperture, LED flash, EIS, 8MP 112° ultra-wide sensor with f/2.2 aperture, 2MP macro sensor with f/2.4 aperture
• 16MP front-facing camera with f/2.0 aperture
• Side-mounted fingerprint sensor
• 3.5mm audio jack, Smart PA, Stereo speakers, Hi-Res audio certification
• Dimensions:163.97x 75.53x 8.93mm; Weight:194.78g
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax, Bluetooth 5.1, GPS/GLONASS, USB Type-C
• 4500mAh (Typical) battery with 44W Super FlashCharge 2.0 fast charging

Ref : fonearena

%d bloggers like this: