5,000mAh ပါတဲ့ တန်ဖိုးနည်း iQOO U1x ကို ကြေညာပြီ

Vivo ရဲ့ iQOO Brand က တန်ဖိုးနည်း U1x ကို တရုတ်မှာ ချပြလိုက်ပါတယ်။ သူ့မှာ ၆.၅၁ လက်မ HD+ LCD မျက်နှာပြင်၊ Octa-core Snapdragon 662 SoC ပါလာပြီး 6GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ ဘေးဘက် လက်ဗွေရာ ကိရိယာ ထည့်ထားပြီး Android 10 အခြေပြု iQOO UI မောင်းနှင်ထားပါတယ်။

အနောက်ဘက်မှာ 13MP Main , 2MP Depth နဲ့ 2MP Macro ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 8MP ကင်မရာ ၁ လုံး ထည့်သွင်းထားပြီး 18W Fast Charging ပါတဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ပါပါတယ်။ ဒိတ်အောက်နေတဲ့ microUSB Port ပဲ ပါတာက သိပ်မမိုက်ပါဘူး။

iQOO U1x specifications

• Display: 6.51-inch ( 1600×720 pixels) HD+ LCD screen
• SoC: Octa Core Qualcomm Snapdragon 662 – up to 2 GHz 4 x Kryo 260 Performance (Cortex A73-based) + Up to 1.8GHz 4 x Kryo 260 Efficiency (Cortex A53-based)
• RAM: 4GB/6GB LPDDR4x
• ROM: 64GB / 128GB (UFS 2.1)
• OS: Android 10 with iQOO UI 1.0
• Dual SIM (nano + nano)
• Cameras: Rear – 13MP (primary with f/2.2 aperture) + 2MP (depth with f/2.4 aperture) + 2MP (macro with f/2.4 aperture)
• Front- 8MP front-facing camera with f/1.8 aperture
• Side-mounted fingerprint sensor
• 3.5mm audio jack
• Dimensions: 164.41×76.32×8.41mm; Weight:192.3g
• Connectivity: Dual 4G VoLTE, Wi-Fi 6 802.11 ac (2.4GHz + 5GHz), Bluetooth 5.0, GPS/GLONASS, micro USB
• Battery: 5000mAh (Minimum) with 18W dual-engine flash charge
• Colors: Secret Black, Morning Frost

Pricing and availability

• iQOO U1x 4GB+64GB: 899 yuan (US$ 135 / Rs. 9,930 approx.)
• iQOO U1x 6GB+64GB: 999 yuan (US$ 150 / Rs. 11,035 approx.)
• iQOO U1x 6GB+128GB: 1199 yuan (US$ 180 / Rs. 13,245 approx.)

တန်ဖိုးအနည်းဆုံး မော်ဒယ်ဟာ ၁ သိန်း ၇ သောင်းလောက်ပဲ ရှိပြီး တရုတ်မှာ ကြိုတင် မှာယူနိုင်ပါပြီ။

Ref : fonearena

%d bloggers like this: