iPhone 12 Series ကို လှောင်ပြောင်လိုက်တဲ့ Xiaomi နဲ့ OnePlus

iPhone 12 Series ကို ကြေညာပြီးနောက်မှာပဲ Xiaomi က ချက်ချင်းပဲ လှောင်ပြောင်လိုက်ပါတယ်။ iPhone 12 Series မှာ အားသွင်းကြိုးပဲ ပါလာပြီး Charger မပါလာတာကို လှောင်ပြောင်လိုက်တာပါ။ Xiaomi က “ ကျွန်တော်တို့ စမတ်ဖုန်းတွေမှာ Charger မပါလာဘူးလို့ အိပ်မက်မက်ပါတယ်။ ဒါဟာ တကယ့် အိပ်မက်ဆိုးပါ။ “ လို့ ဖဲ့လိုက်ပါတယ်။

Samsung ကလည်း Galaxy စမတ်ဖုန်းတွေမှာ Charger ပါပါတယ်လို့ ခွပ်လိုက်ပါတယ်။ OnePlus ကလည်း သူ့ စမတ်ဖုန်းတွေမှာ Charger ထည့်ပေးထားတာကို အသားပေး ပြောလိုက်ပါတယ်။ OnePlus 8T မိတ်ဆက်ပွဲမှာ ကုမ္ပဏီက အရင်မျိုးဆက်ထက် ၂ ဆ ပိုဈေးကြီးတဲ့ 65W Charger ထည့်သွင်းထားတယ်လို့ ကြေညာခဲ့ပါတယ်။

Apple ကတော့ သဘာဝ ပတ်ဝန်းကျင်ကို ကာကွယ်တဲ့ အနေနဲ့ Charger မထည့်ပေးထားတာလို့ ပြောပါတယ်။ Apple က ကာဘွန်ဒိုင်အောက်ဆိုဒ်ကို လျှော့ချချင်တဲ့အတွက် ဒီလို လုပ်တာလို့ ကြေညာထားပါတယ်။ ဒါပေမယ့် Apple Fans တွေတော့ ကွိုင်တက်သွားပါတယ်။ Charger နဲ့ နားကြပ်တွေကို သီးသန့် ထပ်ဝယ်ရမှာပါ။

Ref : gizchina

%d bloggers like this: