၁ မိနစ်အတွင်း ယွမ် သန်း ၁၀၀ ဖိုး ရောင်းချရတဲ့ OnePlus 8T

OnePlus 8T ကို တရုတ်မှာ ရောင်းပေးလိုက်ပြီ ဖြစ်ပြီး ရောင်းအားက ဖလန်းဖလန်းထနေပါတယ်။ ၁ မိနစ်အတွင်းမှာ ယွမ် သန်း ၁၀၀ ဖိုးရောင်းရတဲ့အတွက် မြန်မာငွေ သန်း ၁၉,၀၀၀ ကျော်နဲ့ ညီမျှပါတယ်။ ၁၀ မိနစ်အတွင်းမှာ ယွမ် သန်း ၂၀၀ အထိ ထိုးတက်သွားပါတယ်။ ရောင်းချရတဲ့ အလုံးရေကို OnePlus က မပြောပါဘူး။ 8/128GB ကို ၃,၃၉၉ ယွမ်နဲ့ 12/256GB ကို ၃,၆၉၉ ယွမ် သတ်မှတ်ထားပြီး ၆ သိန်းခွဲနဲ့ ၇ သိန်း ၁ သောင်းလောက် အသီးသီး ကျသင့်မှာပါ။ တရုတ်က ဈေးတွေဟာ တခြားနိုင်ငံတွေကထက် သက်သာနေတာတွေ့ရပါတယ်။

သူ့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၅၅ လက်မ FHD+ Fluid AMOLED မျက်နှာပြင်၊ 120Hz Refresh Rate နဲ့ 20:9 Aspect Ratio တွေ ထည့်သွင်းထားပါတယ်။ 16MP Punch Hole ကင်မရာ ၁ လုံးကို အရှေ့ဘက်မှာ တပ်ဆင်ထားပြီး HDR10+ ထောက်ပံ့ထားပါတယ်။ Aquamarine Green နဲ့ Lunar Silver အရောင်တွေ ထုတ်လုပ်ထားပါတယ်။

Snapdragon 865 SoC မောင်းနှင်ထားပြီး 5G ထောက်ပံ့ထားပါတယ်။ OnePlus 8 ထက် Vapour Chamber က ၂၈၅ ရာခိုင်နှုန်း ပိုကြီးလာပြီး Android 10 အခြေပြု OxygenOS 11 မောင်းနှင်ထားပါတယ်။ အနောက်ဘက်မှာ 48MP , 16MP Ultrawide , 5MP Macro နဲ့ 2MP Monochrome ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ Video Night Scape , Video Portrait နဲ့ Video Tracking စတဲ့ ကင်မရာ လုပ်ဆောင်ချက်တွေ ပါပါတယ်။

4,500mAh ဘက်ထရီနဲ့ Warp Charge 65W Charging က ၃၉ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးနိုင်ပါတယ်။ 45W PD Charger ပါတဲ့အတွက် Laptop နဲ့ Tablet တွေကိုတောင် အားသွင်းပေးနိုင်ပါတယ်။

OnePlus 8T specifications

• 6.55-inch (1080 x 2400 pixels) Full HD+ 402 ppi 20:9 Fluid AMOLED display with 120Hz refresh rate, HDR 10+, 1100 nits brightness, Corning Gorilla Glass protection
• 2.84GHz Octa-Core Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 8GB LPDDR4X RAM with 128GB (UFS 3.1) storage / 12GB LPDDR4X RAM with 256GB (UFS 3.1) storage
• Android 11 with OxygenOS 11
• Dual SIM (nano + nano)
• 48MP rear camera with Sony IMX586 sensor, 0.8μm pixel size, f/1.7 aperture, OIS + EIS Hybrid stabilization, 16MP 116° ultra-wide camera with f/2.2 aperture, Sony IMX481 sensor, 5MP 3cm macro camera, 2MP depth sensor, 4K video at 60fps, 720p slow motion at 480fps, 1080p slow motion at 240fps
• 16MP front-facing camera with Sony IMX471 sensor, f/2.45 aperture, EIS
• In-display fingerprint sensor
• Dimensions: 160.7×74.1×8.4mm; Weight: 188g
• USB Type-C audio, Dual Stereo speakers, Dolby Atmos
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ax 2X2 MIMO, Bluetooth 5.1, GPS (L1+L5 Dual Band) + GLONASS, USB Type-C
• 4500mAh battery with Warp Charge 65 Fast Charging (10V/6.5A)

Ref : fonearena

%d bloggers like this: