SD865 ပါတဲ့ Samsung Galaxy S20 FE 5G ကို တရုတ်မှာ ရောင်းပြီ

Samsung က ပြီးခဲ့တဲ့လက မိတ်ဆက်ခဲ့တဲ့ Galaxy S20 FE (Fan Edition) ကို တရုတ်မှာ အခုမှ ချပြလိုက်တာပါ။ တရုတ်မှာ တန်ဖိုးအနည်းဆုံး မော်ဒယ်ကို ၄,၉၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၉ သိန်း ၇ သောင်းလောက် ကျသင့်မှာပါ။ တရုတ်မှာ 8/128GB နဲ့ 8/256GB ၂ မျိုး ထုတ်လုပ်ပေးထားပါတယ်။ Whimsical Blue, Fantasy Purple, Photosynthetic Green, Inspiration Red နဲ့ Kora White အရောင်တွေ ရွေးချယ်နိုင်ပါတယ်။

သူ့မှာ ၆.၅ လက်မ FHD+ Super AMOLED Infinity-O Flat မျက်နှာပြင် ထည့်သွင်းထားပြီး 120Hz Refresh Rate ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက လန်းပါတယ်။ နိုင်ငံအလိုက် Snapdragon 865 SoC / Exynos 990 SoC မောင်းနှင်ထားပြီး မျက်နှာပြင်အောက် Optical Fingerprint Scanner ပါပါတယ်။ Android 10 အခြေပြု OneUI ထည့်ထားပြီး Bixby , Samsung Health နဲ့ Samsung Pay တို့လို Samsung Services တွေ ပံ့ပိုးပေးထားပါတယ်။

ကင်မရာတွေ အကြောင်း ပြောရရင် အနောက်ဘက် 12MP Main (OIS) , 12MP Ultrawide နဲ့ 8MP Telephoto (3x Optical Zoom, 30x Digital Zoom) ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP Punch Hole ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။ IP68 ရေစိုခံ စံနှုန်း ပါလာပြီး 25W Wired Fast Charging ထည့်ထားတဲ့ 4,500mAh ဘက်ထရီ တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ဘူးထဲမှာ 15W Charger ပဲ ထည့်ပေးထားပါတယ်။ Wireless Charging နဲ့ Wireless PowerShare လုပ်ဆောင်ချက် သူ့ကိုကြိုးမဲ့ အားသွင်းနိုင်သလို တခြား Qi စံနှုန်း ထောက်ပံ့တဲ့ Device တွေကို သူကနေ ကြိုးမဲ့အားသွင်းပေးပါတယ်။

Samsung Galaxy S20 FE specifications

• 6.5-inch Full HD+ (2400 × 1080 pixels) Super AMOLED Infinity-O Display, 407 PPI, 120Hz refresh rate
• Octa-Core Samsung Exynos 990 7nm EUV processor with ARM Mali-G77MP11 GPU
• 8GB RAM (LPDDR5), 128GB internal storage, expandable memory up to 1TB with microSD
• Android 10 with OneUI
• Hybrid Dual SIM
• 12MP rear camera with LED Flash, f/1.8 aperture, PDAF, 79˚ FOV, OIS, 8MP Telephoto lens with 32° FoV, f/2.4 aperture, PDAF, OIS, 3X Optical Zoom, Up to 30x Super Resolution Zoom, 12MP 123° Ultra Wide sensor with f/2.2 aperture
• 32MP front-facing camera with 80° wide-angle lens, f/2.0 aperture
• Water and dust resistant (IP68)
• USB Type-C audio, Stereo speakers tuned by AKG, Surround sound with Dolby Atmos
• Optical Fingerprint sensor
• Dimensions: 74.5 x 159.8 x 8.4mm; Weight: 190g
• Dual 4G VoLTE, Wi-Fi 6 802.11ax, Bluetooth 5, GPS with GLONASS, USB 3.1, NFC, MST
• 4500mAh (typical) with 25W fast charging, WPC Qi wireless fast charging, Wireless PowerShare

Ref : fonearena

%d bloggers like this: