Xiaomi က ပိုးသတ် နည်းပညာပါတဲ့ စမတ် အိမ်သာကို ကြေညာ

Xiaomi ဟာ စမတ်ဖုန်းနဲ့ တက်ဘလက်တွေကိုပဲ ထုတ်လုပ်နေတာ မဟုတ်ပါဘူး။ တရုတ်မှာဆိုရင် အီလက်ထရောနစ် ပစ္စည်းမျိုးစုံနဲ့ နေအိမ်သုံး ပစ္စည်းတွေကိုပါ ထုတ်လုပ်ရောင်းချနေပါတယ်။ အခုလည်း Xiaomi က Youpin မှာ Dabai Super-power Ion Voice-activated Smart Toilet ကို ရောင်းချဖို့ ရန်ပုံငွေ ကောက်ခံနေပါတယ်။ ၃၅၉၉ ယွမ် တန်ကြေးရှိပြီး ရန်ပုံငွေ ထည့်ဝင်သူတွေက ၂၂၈၈ ယွမ်နဲ့ ရမှာပါ။ ၆ သိန်း ၉ သောင်းနဲ့ ၄ သိန်း ၄ သောင်းလောက် အသီးသီး တန်ကြေးရှိပါတယ်။

Dabai ရဲ့ ပထမဆုံး ဥာဏ်ရည်မြင့် AI Voice Chip ထည့်သွင်းထားပြီး အသံအမိန့်တွေနဲ့ ခိုင်းစေနိုင်ပါတယ်။ ဥပမာအနေနဲ့ အဖုံးဖွင့်လိုက်ပါလို့ ပြောလို့ရပါတယ်။ LED Digital Display Interface ထည့်သွင်းထားပြီး Icons တွေက တောက်ပ လှပပါတယ်။ ညဘက်မှာ အိမ်သာ သုံးရင် ထင်သာမြင်သာ ရှိပါတယ်။

လူ ၁ ယောက် အနားရောက်လာတာနဲ့ အဖုံးကို အလိုလို ဖွင့်ပေးနိုင်ပြီး ထိုင်ခွက်ကို ချပေးပါတယ်။ အိပ်သာတက်ပြီးလို့ လူထွက်သွားရင် ထိုင်ခွက်ကို ပြန်တင်ပေးပြီး အဖုံး ပိတ်ပေးနိုင်ပါတယ်။ အဆင့်မြင့် ပိုးသတ် နည်းပညာ ထည့်ပေးထားပါတယ်။ Flushing နည်းပညာကလည်း အရမ်းမိုက်ပြီး အညစ်အကြေးတွေ မကျန်အောင် သန့်ရှင်းပေးပါတယ်။
အလန်းဆုံး နည်းပညာတွေကို ခုမှ စပြောချင်ပါတယ်။ စမတ်အိမ်သာက အိမ်သာတက်ပြီးရင် ဖင်ကို ဆေးကြောပေးနိုင်ပြီး လေနဲ့ အခြောက်ခံပေးနိုင်ပါတယ်။ လေ အမြန်နှုန်း ၆ ခု ရွေးချယ်နိုင်ပါတယ်။ အိမ်သာရဲ့ အပူချိန်ကို နှစ်သက်သလို ချိန်ညှိနိုင်ပြီး တခြား စွမ်းရည်တွေလည်း ပါပါတယ်။ Youpin Website မှာ ဝယ်ယူနိုင်ပြီး နိုဝင်ဘာလ ၁၀ ရက်နေ့ ရောင်းမှာပါ။
Ref : gizmochina

%d bloggers like this: