iPhone 12 Series ရဲ့ ဘက်ထရီ ပမာဏတွေကို သိလာပြီ

Apple က မကြာခင်ကပဲ iPhone 12 Series တွေကို ပူပူနွေးနွေး ကြေညာထားပါတယ်။ သူတို့ဟာ Apple ရဲ့ ပထမဆုံး 5G စမတ်ဖုန်းတွေ ဖြစ်ပြီး OLED မျက်နှာပြင်တွေ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် သူတို့မှာ Charger နဲ့ နားကြပ်တွေ မပါလာပါဘူး။ Apple က iPhone မိတ်ဆက်ပွဲမှာ ဘက်ထရီ စွမ်းရည်တွေကို ရှင်းပြခဲ့ပေမယ့် ဘက်ထရီ ပမာဏတွေကို ပြောလေ့ မရှိပါဘူး။

အခုတော့ သူတို့ရဲ့ ဘက်ထရီ ပမာဏတွေကို သိလာရပါပြီ။ ဘက်ထရီ အသေးဆုံးက iPhone 12 mini ဖြစ်ပြီး 2227mAh ပါပါတယ်။ iPhone 12 မှာတော့ 2815mAh ထည့်ထားပြီး iPhone 11 ရဲ့ 3110mAh ထက် သေးပါတယ်။

MacRumors က iPhone 12 Pro မှာ 2775mAh နဲ့ iPhone 12 Pro Max မှာ 3687mAh ဘက်ထရီတွေ ထည့်သွင်းထားမယ်လို့ ခန့်မှန်းထားပါတယ်။ အရင်နှစ်ထုတ် iPhone 11 Series နဲ့ ယှဉ်ရင် iPhone 12 Series ရဲ့ ဘက်ထရီက ပိုသေးနေပါတယ်။ iPhone 11 Pro မှာ 3046mAh နဲ့ iPhone 11 Pro Max မှာ 3969mAh ဘက်ထရီတွေ ထည့်သွင်းထားတာပါ။

Ref : gizchina

%d bloggers like this: