Huawei Mate 40 Pro+ ရဲ့ ဘူးခွံ ဓါတ်ပုံတွေ ထွက်ပေါ်လာ

Huawei ရဲ့ အလန်းစား ဖုန်းတွေ ဖြစ်တဲ့ Mate Series ရဲ့ သတင်းတွေ တစ်နေ့တစ်မျိုး မရိုးနိုင်အောင် ထွက်နေပါတယ်။ အခုတော့ Mate 40 Pro+ ရဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။ ဓါတ်ပုံတွေမှာ Case ကိုလည်း မြင်ရပါတယ်။ Octagonal Glass Window ထဲမှာ အနည်းဆုံး ကင်မရာ ၅ လုံး ထည့်သွင်းထားပါတယ်။


အရင်ကလည်း Mate 40 Series ရဲ့ အရောင်တွေ ပေါက်ကြားခဲ့ဖူးပါတယ်။ Mate 40 နဲ့ Mate 40 Pro အတွက် Bright Black, Cosmic Silver, Pearl White , Green နဲ့ Yellow အရောင်တွေ ထုတ်လုပ်ထားမှာပါ။ ပထမဆုံး အနေနဲ့ Yellow ပါလာမှာပါ။ RS Porsche Edition မှာ Ceramic Back သုံးထားမှာပါ။ မသိရသေးတာက စွမ်းရည်အမြင့်ဆုံး Mate 40 Pro+ ရဲ့ အရောင်တွေ ဖြစ်ပါတယ်။

ဒီနှစ်မှာ Mate 40, Mate 40 Pro, Mate 40 Pro+ နဲ့ Mate 40 RS Porsche Edition ဆိုပြီး မော်ဒယ် ၄ မျိုးထွက်လာနိုင်ပြီး Huawei က စွမ်းရည်မြင့် နောက်ဆုံးထုတ် HiSilicon Kirin 9000 SoC ထည့်သွင်းထားမယ်လို့ အတည်ပြုထားပါတယ်။ Huawei ဟာ အမေရိကန်ရဲ့ စီးပွားရေး ပိတ်ဆို့မှုကြောင့် Qualcomm ရဲ့ Chip တွေကို သုံးလို့ မရတော့ပါဘူး။

သူတို့မှာ နည်းပညာ အသစ် အဆန်းတွေ ပါလာမှာ သေချာပါတယ်။ မကြာခင်က သူတို့မှာ 66W Fast Charging ပါလာနိုင်တယ်လို့ သတင်းထွက်လာပါတယ်။ သူတို့အားလုံးမှာ Punch Hole မျက်နှာပြင် တပ်ဆင်ထားမှာဖြစ်ပြီး EMUI 11 နဲ့ ပွဲထွက်လာမှာ ဖြစ်ပါတယ်။

မကြာခင်ကလည်း Mate 40 Series မှာ Huawei ရဲ့ Liquid Lens ကင်မရာ နည်းပညာ ပါလာမယ်လို့ သတင်းထွက်လာပါတယ်။ ဒါ့အပြင် Mate 40 မှာ ၆.၆၇ လက်မ မျက်နှာပြင်ကွေးနဲ့ 90Hz Refresh Rate ပါလာမယ်လို့ သိရပါတယ်။ 50MP Main , 20MP Ultrawide , 8MP Telephoto ကင်မရာတွေကို အနောက်ဘက်မှာ တပ်ဆင်ထားမှာ ဖြစ်ပြီး Laser Autofocus ကင်မရာ ၁ လုံးလည်း ပါလာမှာပါ။

Mate 40 Pro/Mate 40 Pro+ မှာ Waterfall မျက်နှာပြင် ထည့်သွင်းထားမှာ ဖြစ်ပြီး 90Hz Refresh Rate ပါလာနိုင်ပါတယ်။ Liquid Lens နည်းပညာ ပါတဲ့ 50MP ကင်မရာ ၁ လုံး ထည့်သွင်းထားနိုင်ပါတယ်။ Huawei ဟာ Liquid Lens ကို ပြီးခဲ့တဲ့ လအနည်းငယ်က မှတ်ပုံတင်ခဲ့ပြီး ဒီနည်းပညာက Autofocus ပိုမြန်စေသလို Stabilization ပို ကောင်းစေပါတယ်။

50MP ကင်မရာနဲ့အတူ 80MP Ultrawide Angle Cine , Periscope နဲ့ ToF ကင်မရာတွေ ပါလာနိုင်ပြီး Mate 40 , Mate 40 Pro , Mate 40 Pro Plus မှာ 4300mAh , 4600mAh , 5000mAh ဘက်ထရီတွေ အသီးသီး တပ်ဆင်ထားမှာပါ။

လပေါင်းများစွာ သတင်းများထွက်လာခဲ့ပြီးနောက်မှာ Huawei ရဲ့ စွမ်းရည်မြင့် Mate 40 Series ကို ကြေညာမယ့် အချိန်ကို သိလာရပါပြီ။ Huawei Consumer Business CEO ဖြစ်သူ Richard Yu က Huawei Mate 40 Series ကို ဒီလ ၂၂ ရက်နေ့ ကြေညာမယ်လို့ အတည်ပြုထားပါတယ်။

Ref : gizmochina

%d bloggers like this: