၇ သောင်းကျော်တန် Samsung Galaxy Fit 2 ကို ရောင်းပြီ

Samsung က အရင်နှစ် ဖေဖော်ဝါရီလမှာ Galaxy Fit Fitness Tracker ကို ကြေညာခဲ့ပြီး စက်တင်ဘာလက မျိုးဆက်သစ်ကို မိတ်ဆက်ခဲ့ပါတယ်။ Samsung Galaxy Fit2 လို့ နာမည်ပေးထားပြီး အခုတော့ သူ့ကို ရောင်းပေးလိုက်ပါပြီ။ ၅၀ ယူရို သတ်မှတ်ထားပြီး ၇ သောင်း ၈ ထောင်လောက် ကျသင့်ပါတယ်။

သူ့မှာ 3D Glass Display ပါလာပြီး လေ့ကျင့်ခန်းလုပ်တာတွေကို တိုင်းတာတွက်ချက်ပေးနိုင်ပါတယ်။ သူ့မှာ ၁.၁ လက်မ AMOLED မျက်နှာပြင်ပါလာပြီး လက်ပတ်ကြိုးကို ပလတ်စတစ်နဲ့ ပြုလုပ်ထားပါတယ်။ 2MB RAM နဲ့ 32MB Internal Storage ပါပါတယ်။ နှလုံးခုန်နှုန်း၊ လမ်းလျှောက်တဲ့ အကွာအဝေး၊ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီ ပမာဏတွေကို တွက်ချက်ပေးနိုင်ပါတယ်။

IP68 စံနှုန်းရှိပြီး ရေအနက် မီတာ ၅၀ အထိ ဝတ်ဆင်နိုင်ပါတယ်။ 159mAh ဘက်ထရီက ၁၅ ရက်လောက်အထိ အသုံးခံပါတယ်။ ပေါ့ပါးပါးလွှာတဲ့ ဒီဇိုင်း ဖြစ်ပြီး ဘက်ထရီ သက်တမ်းက အရမ်းလန်းပါတယ်။

Samsung Galaxy Fit2 specifications

• Display: 1.1-inch (126 x 294) AMOLED display with 450 nits brighness
• RAM: 2MB; ROM: 32MB
• Plastic Strap
• Compatible with Android 5.0 or above with more than 1.5GB RAM and iPhone 7 and above running iOS 10.0 or above
• Activity tracking, Sleep tracking
• Sensors: Gyroscope, Photo plethysmography, and Accelerometer
• 5ATM + IP68 water resistance
• Dimensions: 46.6 x 18.6 x 11.3; Weight: 21g including strap
• Bluetooth
• Battery: 159mAh; up to 15 days battery life

Ref : fonearena

%d bloggers like this: