TENAA ကနေ Specs တွေ ထွက်လာတဲ့ Redmi K30s

Xiaomi က မကြာခင်ကပဲ Mi 10T Series တွေကို ကြေညာခဲ့ပါတယ်။ Xiaomi Mi 10T ကို Redmi K30s နာမည်နဲ့ နိုင်ငံတချို့မှာ ရောင်းမယ်လို့ သတင်းထွက်နေပါတယ်။ အခုတော့ TENAA မှာ Redmi K30s ရဲ့ ဓါတ်ပုံနဲ့ Specs တွေ ထွက်လာပါတယ်။

TENAA က စာရင်းအရ Redmi K30s မှာ 64MP ကင်မရာ ပါလာမှာပါ။ RAM အနေနဲ့ 6GB, 8GB နဲ့ 12GB ၃ မျိုး ထုတ်လုပ်ထားမှာပါ။ Storage အပိုင်းမှာလည်း 128GB, 256GB နဲ့ 512GB ၃ မျိုး ပါလာမှာပါ။ RAM နဲ့ Storage တွေကို ဘယ်လိုတွဲစပ်ထားမလဲ မသိရသေးပါဘူး။ 4,900mAh လို့ ဖော်ပြထားပေမယ့် 5,000mAh ဘက်ထရီ ဖြစ်နိုင်ပါတယ်။

၆.၆၇ လက်မ LCD FHD+ မျက်နှာပြင်နဲ့ 20:9 Aspect Ratio ထည့်ထားပြီး 144Hz Refresh Rate ပါလာမှာပါ။ LCD ဖြစ်တဲ့အတွက် ဘေးဘက်လက်ဗွေရာ ကိရိယာပဲ ထည့်ထားမှာပါ။ အရွယ်အစား အပြည့်အစုံက 165.1 x 76.4 x 9.33 mm နဲ့ အလေးချိန်က ၂၁၆ ဂရမ် ဖြစ်ပါတယ်။ ဘက်ထရီကြီးလို့ တော်တော် လေးပါတယ်။ Snapdragon 865 Chipset မောင်းနှင်ထားပြီး Android 10 အခြေပြု MIUI 12 ပါလာမှာပါ။

Ref : gizchina

%d bloggers like this: