OnePlus 8T ရဲ့ အကြမ်းခံ စမ်းသပ်တဲ့ ဗီဒီယို ထွက်လာပြီ

OnePlus 8T ကို မကြာခင်က ကြေညာခဲ့ပြီး အခုတော့ JerryRigEverything က သူ့ရဲ့ အကြမ်းခံ စမ်းသပ်တဲ့ ဗီဒီယိုကို မျှဝေလိုက်ပါတယ်။ Zack က သူ့ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေကိုလည်း သေချာ ရှင်းလင်း ပြသလိုက်ပါတယ်။

ဘက်ထရီ ၂ ခု တွဲစပ်ထားတဲ့ဒီဇိုင်း ဖြစ်ပြီး ဒီ ဒီဇိုင်းကြောင့် Warp Charge 65 စွမ်းရည်ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ 2,250mAh ဘက်ထရီ ၂ ခုကို 32.5W နဲ့ အားသွင်းပေးနေတယ်လို့ ပြောနိုင်ပါတယ်။

OnePlus 8T ကို ဖွင့်ကြည့်တဲ့ အခါမှာတော့ ဘက်ထရီ ၁ ခုထဲပဲ တွေ့ရပါတယ်။ အတွင်းထဲမှာ ဘက်ထရီ ၂ ခု တွဲစပ်ထားတာပါ။

OnePlus 8T ရဲ့ အတွင်းပိုင်း အစိတ်အပိုင်းတွေ အားလုံးကို လေ့လာချင်ရင် ဒီဗီဒီယိုကြည့်ပါ။ အထဲမှာ ရေစိုခံအောင် ဖန်တီးထားတဲ့ နည်းပညာတွေလည်း ပါပါတယ်။

Ref : gsmarena

%d bloggers like this: