ဩဂုတ်လမှာ ကမ္ဘာ့ ဖုန်းရောင်းအား အကောင်းဆုံး ဖြစ်လာတဲ့ Samsung

Counterpoint Research က ဩဂုတ်လ အတွက် ကမ္ဘာ့ စမတ်ဖုန်း ရောင်းအား စစ်တမ်းကို ပြသလိုက်ပြီး Samsung က ဈေးကွက်ဝေစု ၂၂ ရာခိုင်နှုန်းနဲ့ ချန်ပီယံ ဖြစ်လာပါတယ်။ Huawei က ၁၆ ရာခိုင်နှုန်းနဲ့ နံပါတ် ၂ နေရာကို သိမ်းပိုက်ထားပါတယ်။

Apple ကတော့ ၁၂ ရာခိုင်နှုန်းနဲ့ နံပါတ် ၃ နေရာရထားပြီး iPhone 12 Series တွေကို မိတ်ဆက်ထားတဲ့အတွက် ဒီနှစ်ကုန်လတွေမှာ ရောင်းအားထိုးတက်သွားနိုင်ပါတယ်။ Xiaomi ကလည်း ကမ္ဘာ့ ဖုန်း ရောင်းအား အကောင်းဆုံး စာရင်းထဲကို တိုးဝင်လာပါတယ်။ ဩဂုတ်လမှာ ဈေးကွက်ဝေစု ၁၁ ရာခိုင်နှုန်းရထားပြီး နံပါတ် ၄ နေရာကို ခိုင်ခိုင်မာမာ သိမ်းပိုက်ထားပါတယ်။

ဧပြီလမှာ Samsung , Huawei , Apple နဲ့ Xiaomi တို့ဟာ ၂၀ ၊ ၂၁ ၊ ၁၂ နဲ့ ၈ ရာခိုင်နှုန်း အသီးသီးရထားပါတယ်။ ဩဂုတ်လ ရောင်းအားနဲ့ ယှဉ်ရင် Samsung က ၂ ရာခိုင်နှုန်း တက်သွားပြီး Huawei က ၅ ရာခိုင်နှုန်း ကျသွားပါတယ်။ Apple ကတော့ ရောင်းအား တန့်နေပြီး Xiaomi က ၃ ရာခိုင်နှုန်း တက်လာပါတယ်။

Ref : gsmarena

%d bloggers like this: