Honor 10X Lite ရဲ့ သတင်းအချက်အလက်တွေ ထွက်ပေါ်လာ

Honor က ဥရောပမှာ ဖုန်း အသစ် ၁ လုံးကို ကြေညာတော့မယ်လို့ထင်ပါတယ်။ အဲဒီ ဖုန်းက Honor 10X Lite ဖြစ်ပြီး စွမ်းရည်သင့် ဖုန်း ဖြစ်ပါတယ်။ အခုတော့ သူ့ရဲ့ သတင်းအချက်အလက်နဲ့ ဓါတ်ပုံတွေ ထွက်ပေါ်လာပါတယ်။

Honor 10X Lite မှာ Punch Hole ၁ လုံး အလယ်မှာ ထည့်သွင်းထားပြီး ၆.၆၇ လက်မ LCD 2400x1080p မျက်နှာပြင် ဖြစ်ပါတယ်။ Honor ဟာ Huawei ရဲ့ လက်အောက် ကုမ္ပဏီဖြစ်တဲ့အတွက် Huawei အရိပ်တွေ ဖုံးလွှမ်းနေတာ သေချာပါတယ်။ Honor 10X Lite မှာ Huawei ဖုန်းများစွာမှာ သုံးထားတဲ့ Kirin 710A SoC သုံးထားမှာပါ။ 4GB RAM , 128GB Storage အပြင် microSD Card စိုက်နိုင်ပါတယ်။

အနောက်ဘက်မှာ ကင်မရာ ၄ လုံး ပါလာပြီး 48MP Main , 8MP Ultrawide , 2MP Macro နဲ့ 2MP Depth တွေ ဖြစ်ပါတယ်။ ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။

Honor က အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်ထားပြီး ၂ ရက်လောက် အသုံးခံတာက မိုက်ပါတယ်။ 22.5W Charger က ၈၀ မိနစ်အတွင်း ၀ ကနေ ၁၀၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ USB-C Port ၊ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။ Android 10 အခြေပြု Magic UI 3.1 မောင်းနှင်ထားပြီး Google Mobile Services အစား Huawei Mobile Services ထည့်ထားပါတယ်။ Play Store အစား Huawei AppGallery သုံးရမှာပါ။ ယူရို ၂၀၀ လောက်ကျသင့်နိုင်ပြီး ၃ သိန်းလောက် ရှိပါတယ်။

Ref : gizmochina

%d bloggers like this: