SD750G ပါတဲ့ Samsung Galaxy A42 5G ကို အာရှမှာ ရောင်းတော့မည်

Samsung က Galaxy A42 ပြီးနောက်မှာ သူ့ရဲ့ 5G Version ကို မကြာခင်က ကြေညာခဲ့ပါတယ်။ စွမ်းရည်သင့် တန်ဖိုးသင့် 5G ဖုန်း ဖြစ်ပြီး အခုတော့ ထိုင်းက NBTC မှာ မှတ်ပုံတင်လိုက်တဲ့အတွက် အာရှမှာ မကြာခင် နယ်ချဲ့တော့မယ်လို့ ထင်ပါတယ်။

Samsung Galaxy A42 5G ရဲ့ Specs တွေကို ပြန်ပြောပြချင်ပါတယ်။ သူ့မှာ ၆.၆ လက်မ Super AMOLED Infinity-U HD+ မျက်နှာပြင်၊ Octa-core Snapdragon 750G Chipset တွေ ထည့်သွင်းထားပါတယ်။ သူဟာ A Series ထဲက နောက်ဆုံးထုတ် 5G ဖုန်း ဖြစ်ပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 5MP Macro နဲ့ 5MP Depth ကင်မရာ ၄ လုံး ပါလာပါတယ်။ အရှေ့ ကင်မရာက 20MP ဖြစ်ပါတယ်။

အရောင် ၄ မျိုးပါတဲ့ ဒီဇိုင်း အသစ်ကို သုံးထားပြီး Fast Charging ပါတဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားပါတယ်။

Samsung Galaxy A42 5G specifications

• 6.6-inch HD+ Infinity-U Super AMOLED display
• Octa Core (2.2GHz Dual + 1.8GHz Hexa Kryo 570 CPUs) Snapdragon 750G 8nm Mobile Platform with Adreno 619 GPU
• 4GB / 6GB / 8GB LPDDR4x RAM, 64GB / 128GB (UFS 2.1) Storage, expandable up to 1TB via micro SD card
• Android 10 with One UI 2.1
• Dual SIM
• 48MP rear camera with f/1.8 aperture LED flash, 8MP ultra-wide angle camera with f/2.2 aperture, 5MP depth sensor and 5MP macro sensor with f/2.4 aperture
• 20MP front camera with f/2.2 aperture
• In-display fingerprint sensor
• 3.5mm audio jack, Dolby Atmos
• Dimensions: 75.9 x 164.4 x 8.6mm; Weight: 190g
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 5000mAh battery with 15W Adaptive Fast Charging

Prism Dot Black , Prism Dot White နဲ့ Prism Dot Gray ၃ ရောင် ထုတ်လုပ်ထားပြီး ဥရောပမှာ ၃၆၉ ယူရို သတ်မှတ်ထားပါတယ်။ မြန်မာငွေ ၅ သိန်း ၆ သောင်းလောက် ကျသင့်မှာ ဖြစ်ပြီး နိုဝင်ဘာလ ဥရောပမှာ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: