Sony Xperia 5 II ကို ဥရောပ တလွှားမှာ ရောင်းပြီ

Sony က စွမ်းရည်မြင့် Xperia 5 II ကို ကြေညာထားတာ နည်းနည်းတောင် ကြာနေပါပြီ။ ဥရောပမှာ ဒီလ ၁ ရက်နေ့က ကြိုတင်မှာယူခွင့်ပေးလိုက်ပြီး ၁၉ ရက်နေ့ ပို့ဆောင်ပေးမှာပါ။ အနက် ၁ ရောင်ထဲ ထုတ်လုပ်ထားပြီး စွမ်းရည်မြင့်သလို ဈေးကလည်း မသေးပါဘူး။ ၈၉၉ ယူရို သတ်မှတ်ထားပြီး ၁၃ သိန်း ၆ သောင်းလောက် ကျသင့်မှာပါ။

ဗြိတိန်နဲ့ ဂျာမနီ အွန်လိုင်းစတိုးတွေမှာ ရောင်းချပေးနေပြီ ဖြစ်ပြီး ဗြိတိန်က CarphoneWarehouse , Amazon UI တို့က ဒီနေ့ ပို့ဆောင်ပေးမှာပါ။ ဂျာမနီမှာ ဒီလ ၁၉ ရက်နေ့ ပို့ဆောင်ပေးမှာပါ။

Sony Xperia 5 II ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပြီး သူ့မှာ ၆.၁ လက်မ 21:9 CinemaWide FHD+ HDR မျက်နှာပြင် ထည့်သွင်းထားပါတယ်။ 120Hz Refresh Rate , 240Hz Touch Sampling Rate နဲ့ 240Hz Motion Blur Reduction ပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက အရမ်း မိုက်သလို ဂိမ်း ကစားရင် အရမ်း ကောင်းမှာပါ။ အရင် မော်ဒယ်တွေနဲ့ယှဉ်ရင် Touch Response က ၃၅၆ ရာခိုင်နှုန်း တိုးတက်လာပါတယ်။

Snapdragon 865 , 8GB RAM နဲ့ Android 10 တွေ ပါလာပါတယ်။ အနောက်ဘက်မှာ 12MP ကင်မရာ ၃ လုံး ထည့်ထားပြီး ပင်မကင်မရာက OIS/EIS တွေ ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် Ultrawide နဲ့ 3x Optical Zoom ထောက်ပံ့တဲ့ Telephoto ကင်မရာတွေနဲ့ အားဖြည့်ထားပါတယ်။ အနောက်ဘက်ကို Gorilla Glass 6 နဲ့ ကာကွယ်ထားပြီး Shutter Button သီးခြား တပ်ထားပါတယ်။

Sony က 4K HDR 120fps Slow-motion ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ ကမ္ဘာ့ ပထမဆုံး စမတ်ဖုန်းလို့ ကြွေးကြော်လိုက်ပြီး 24fps 5x Slow-motion ဗီဒီယိုတွေ ဖမ်းယူနိုင်ပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ ထည့်ထားပြီး Xperia Adaptive Charging က 4,000mAh ဘက်ထရီကို မိနစ် ၃၀ မှာ ၅၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

Sony Xperia 5 II specifications

• 6.1-inch (2520×1080 pixels) Full HD+ OLED HDR Display with 21:9 aspect ratio, 120Hz refresh rate, Corning Gorilla Glass 6 protection
• Octa-Core Qualcomm Snapdragon 865 7nm Mobile Platform with Adreno 650 GPU
• 8GB RAM, 128GB internal memory, expandable memory up to 1TB via microSD card
• Android 10
• Hybrid Dual SIM (nano + nano / microSD)
• 12MP rear camera with Exmor RS sensor, f/1.7 aperture, Hybrid OIS/EIS, ZEISS optics, 12MP f/2.2 aperture 124° ultra wide-angle, 12MP f/2.4 aperture telephoto lens, Hybrid OIS/EIS, 3x optical zoom
• 8MP front-facing camera with f/2.0 aperture
• 3.5mm audio jack, Stereo speakers
• Side-mounted Fingerprint sensor
• Water Resistant (IP65/IP68)
• Dimensions: 158 x 68 x 8mm; Weight: 163g
• 5G (sub-6GHz) / 4G VoLTE, Wi-Fi 802.11 ac (2.4GHz / 5GHz) 2 x 2 MIMO, Bluetooth 5.1, GPS/ GLONASS, NFC, USB 3.1 Type-C
• 4000mAh Battery with USB-PD fast charging

Ref : fonearena

%d bloggers like this: