iPhone 12 နဲ့ 12 Pro ကို ကမ္ဘာအဝန်းမှာ ကြိုတင်မှာယူခွင့်ပေးလိုက်ပြီ

Apple ဟာ ၆.၁ လက်မ အရွယ် iPhone 12 နဲ့ 12 Pro ကို ကမ္ဘာအဝန်းမှာ ကြိုတင်မှာယူခွင့်ပေးလိုက်ပါပြီ။ ပထမဆုံး အနေနဲ့ ကမ္ဘာအဝန်းမှာ တစ်ပြိုင်နက် ရောင်းပေးလိုက်တာပါ။ တစ်ကမ္ဘာလုံးက အလုအယက် ဝယ်နေကြတဲ့အတွက် Apple အွန်လိုင်း စတိုးတွေ Down နေတဲ့ ပြဿနာတွေလည်း ဖြစ်နေပါတယ်။

Australia, China, Germany, Japan, the UK, US, France အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှာ အဲဒီ ဖုန်း ၂ လုံးကို ကြိုတင်မှာယူနိုင်ပါပြီ။ ဒီလ ၂၃ ရက်နေ့မှာ စတင် ပို့ဆောင်ပေးမှာပါ။ South Korea နဲ့ India အပါအဝင် နောက် ၁ သုတ်ကို ဒီလ ၃၀ ရက်နေ့မှာ ရောင်းမှာပါ။

အရွယ်ကြီး iPhone 12 Pro Max နဲ့ အသေးဆုံး iPhone 12 mini ကို နိုဝင်ဘာလ ၆ ရက်နေ့မှာ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပြီး နိုဝင်ဘာလ ၁၃ ရက်နေ့ ပို့ဆောင်ပေးမှာပါ။

iPhone 12 Series ၄ လုံးရဲ့ နိုင်ငံအလိုက် ရောင်းဈေးတွေကို ဒီမှာ လေ့လာပါ။

Apple က iPad Air အသစ်ကိုလည်း ကြိုတင်မှာယူခွင့်ပေးလိုက်ပြီး ဒီလ ၂၃ ရက်နေ့မှာ ပို့ဆောင်ပေးမှာပါ။

Ref : gsmarena

%d bloggers like this: