Sony Xperia 1 II ရဲ့ Mirror Lake Green အရောင် အသစ်ကို ရောင်းပြီ

Sony Xperia 1 II အတွက် Black နဲ့ Purple ၂ ရောင် ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ Mirror Lake Green အရောင် အသစ်ကို ထိုင်ဝမ်မှာ ၂၀ ရက်နေ့ ကြေညာတော့မှာပါ။ အဲဒီ အရောင် အသစ်ဟာ တစ်မူထူးခြားပြီး ရေကန်တွေထဲက ရေညှိအရောင်ဖြစ်ပါတယ်။ အရောင်ကလွဲပြီး တခြား Specs တွေက မူလမော်ဒယ်တွေနဲ့ တူညီပါတယ်။

သူ့ရဲ့ Specs တွေကို ပြန်လည် ဖော်ပြလိုက်ပါတယ်။ သူ့မှာ ၆.၅ လက်မ 4K HDR OLED မျက်နှာပြင် ထည့်သွင်းထားပြီး 21:9 Cinematic Ratio ပါတဲ့အတွက် ရုပ်ရှင် ၊ ဗီဒီယိုတွေ ကြည့်ရင် အရမ်းမိုက်ပါတယ်။ 90Hz Refresh Rate ထောက်ပံ့တဲ့အတွက် ဂိမ်းကစားရင် အရမ်းမြန်ပါတယ်။

အနောက်ဘက်မှာ 12MP main + 12MP ultrawide + 12MP telephoto ကင်မရာ ၃ လုံးပါလာပြီး ZEISS Branding သုံးထားတဲ့ ပထမဆုံး ဖုန်းတွေဖြစ်ပါတယ်။ ပင်မ ကင်မရာမှာ Dual PDAF Sensor နဲ့ OIS ပါပါတယ်။ 3D iTOF Sensor က Focus Speed ကို မြန်စေပါတယ်။ Sony က AF Tracking ပါတဲ့ 20fps Bursts လုပ်နိုင်တဲ့ ပထမဆုံး ဖုန်းလို့ ပြောတဲ့အတွက် Burst Shots အားလုံးမှာ Focus ပါလာပါတယ်။ Sony က ပရော်ဖက်ရှင်နယ် Lens တွေမှာပဲပါတဲ့ ZEISS T* anti-refrective coating ကို ထည့်ထားတဲ့ အတွက် အလင်းရောင် ထွက်လာတဲ့ နေရာကို ရိုက်ရင် Ghosting Effect ကို လျှော့ချပေးတယ်လို့ ပြောပါတယ်။ Notch နဲ့ Punch Hole မသုံးဘဲ 8MP ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင်ရဲ့ အထက်က ဘောင်မှာ တပ်ဆင်ထားတဲ့ ဒီဇိုင်းက ဒိတ်အောက်နေတယ်လို့ ထင်ပါတယ်။

Xperia 1 II မှာ Android 10 , 8GB RAM နဲ့ 256GB UFS Storage ပါလာပြီး 5G Modem ပါတဲ့ Snapdragon 865 မောင်းနှင်ထားပါတယ်။ IP65/68 စံနှုန်းပါတဲ့အတွက် ရေစို ခံနိုင်ပြီး ဖုန်မဝင်အောင် ကာကွယ်ပေးပါတယ်။ ကြိုးမဲ့အားသွင်းနည်းပညာပါတဲ့ 4,000mAh ဘက်ထရီ ပါလာပြီး ညာဘက်ခြမ်းမှာ လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပါတယ်။

Cinema Pro App က ပရောက်ဖက်ရှင်နယ် ဗီဒီယိုတွေ ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် အလန်းစား ဓါတ်ပုံတွေ ရိုက်ကူးပေးနိုင်တဲ့ Camera Pro App အသစ် ပါလာပါတယ်။

Ref : gsmarena

%d bloggers like this: