Samsung Galaxy S21 Series တွေကို ဇန်နဝါရီလမှာ ကြေညာမည်

Samsung ဟာ နောက်မျိုးဆက် Galaxy S21 Series တွေ ကြေညာမယ့် အချိန်ကို အရှေ့တိုးမယ်လို့ သတင်းထွက်လာပါတယ်။ ပြီးခဲ့တဲ့ နှစ်များစွာအတွင်းမှာ S Series ဖုန်း အသစ်တွေကို ဖေဖော်ဝါရီလမှာ ကြေညာပြီး မတ်လမှာ ရောင်းတဲ့ ထုံးစံကို Samsung က စွဲစွဲမြဲမြဲ လက်ကိုင်ကျင့်သုံးခဲ့ပါတယ်။

ကိုရီးယား မီဒီယာတွေက S21 Series တွေကို အစောဆုံး အနေနဲ့ ဒီဇင်ဘာလထဲမှာ ကြေညာနိုင်တယ်လို့ အရင်က သတင်းထွက်ခဲ့ဖူးပါတယ်။ အခုတော့ SamMobile က ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ ကြေညာပြီး အဲဒီလနှောင်းပိုင်း သို့မဟုတ် ဖေဖော်ဝါရီ အစောပိုင်းမှာ ရောင်းမယ်လို့ ပြောပါတယ်။

ဒီလို စောစော ရောင်းချတာ ဘာ့ကြောင့်လဲဆိုတာ မသိရသေးပါဘူး။ ထင်ရတာက Galaxy S21 နဲ့ နောက်မျိုးဆက် Galaxy Z Foldable ကို အချိန်ခြားချင်လို့ ဖြစ်နိုင်ပါတယ်။ Samsung Suppliers တွေကလည်း S20 တွေထက် ၁ လစောပြီး S21 Series တွေကို ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ အဲဒီအတွက် Galaxy S21 Series တွေကို ခါတိုင်းထက် ၁ လ ပိုစောပြီး ကြေညာဖို့ များနေပါတယ်။

Ref : gsmarena

%d bloggers like this: