OnePlus Watch လာမယ်ဆိုတာ သေချာပြီ

OnePlus 8T ကို မကြာခင်ကပဲ ပူပူနွေးနွေး ကြေညာလိုက်ပေမယ့် ကာလရှည်ကြာ သတင်းထွက်နေတဲ့ OnePlus Watch ကို အရိပ်အယောင် မတွေ့ရသေးပါဘူး။ အခုတော့ ကုမ္ပဏီက OnePlus Watch ထွက်လာမယ်ဆိုတာ တွစ်တာကနေ အသိပေးလိုက်ပါတယ်။


OnePlus ဟာ ၂၀၁၆ ခုနှစ်ကတည်းက စမတ်နာရီကို ဖန်တီးနေတာ ဖြစ်ပြီး အခုဆိုရင် ရောင်းဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဒါပေမယ့် အခုထက်ထိ မရောင်းသေးတာက အချိန်ကောင်းစောင့်နေတာ ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် စိတ်ကြိုက် မဖြစ်သေးလို့ မရောင်းသေးတာလည်း ဖြစ်နိုင်ပါတယ်။

OnePlus ရဲ့ ပူးတွဲတည်ထောင်သူ Carl Pei က စမတ်နာရီ ပုံကြမ်းတွေကို ၂၀၁၆ ခုနှစ်က တွစ်တာမှာ ပြသခဲ့ဖူးပါတယ်။ အဲဒီထဲက ၁ ခုဟာ အခု ပြသလိုက်တဲ့ မော်ဒယ်နဲ့ တူညီပြီး မျက်နှာပြင် အဝိုင်းကို အသုံးပြုထားပါတယ်။ OnePlus က စမတ်နာရီ ကြေညာမယ့် အချိန်ကို မပြောသေးပါဘူး။

Ref : gsmarena

%d bloggers like this: