LG K92 ရဲ့ Specs တွေ Google Play Console မှာ ထွက်လာပြီ

LG ရဲ့ စွမ်းရည်သင့် ဖုန်း ၁ လုံး မကြာမီ လာတော့မယ်လို့ ထင်ပါတယ်။ သူ့ကို Google Play Console မှာ တွေ့လာရပြီ ဖြစ်ပြီး လျှို့ဝှက်နာမည်က ‘acexim’ ဖြစ်ပါတယ်။ နာမည်က LG K92 ဖြစ်ပြီး Snapdragon 690 Chipset မောင်းနှင်ထားပါတယ်။ 6GB RAM နဲ့ Full HD+ မျက်နှာပြင် ထည့်သွင်းထားပါတယ်။

Qualcomm ဟာ X51 Modem ပါတဲ့ Snapdragon 690 Chipset ကို ထုတ်လုပ်ထားပြီး Qualcomm ရဲ့ ဥက္ကဌ Cristiano Amon က ကမ္ဘာအဝန်းမှာ ဈေးသက်သာတဲ့ 5G စမတ်ဖုန်းတွေ ပေါပေါများများ ထွက်ပေါ်လာဖို့ ရည်ရွယ်ထားတယ်လို့ ဇွန်လက ပြောကြားခဲ့ပါတယ်။ LG K92 မှာ မျက်နှာပြင် အထက် အလယ်မှာ Punch Hole ဆဲလ်ဖီး ကင်မရာ ၁ လုံး ပါပါတယ်။

LG ရဲ့ မိခင် နိုင်ငံ တောင်ကိုရီးယားဟာ ကမ္ဘာမှာ 5G ကွန်ရက် အဖွံ့ဖြိုးဆုံး နိုင်ငံ ၁ ခု ဖြစ်တဲ့အတွက် LG ဟာ 5G စမတ်ဖုန်းတွေ တိုးချဲ့ထုတ်လုပ်တာ သဘာဝကျပါတယ်။ K92 ကို တောင်ကိုရီးယား အပြင် အမေရိကန်မှာလည်း ရောင်းမယ်လို့ မကြာခင်က သတင်းထွက်ထားပါတယ်။ သူ့မှာ 64MP ကင်မရာနဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။

Ref : gsmarena

%d bloggers like this: