64MP ကင်မရာနဲ့ 6,000mAh ဘက်ထရီ ပါတဲ့ Samsung Galaxy F41 ကို ရောင်းပြီ

Samsung က အိန္ဒိယမှာ Galaxy F41 ကို ပြီးခဲ့တဲ့ ၁ ပတ်လောက်က ကြေညာခဲ့ပြီး အခုတော့ ရောင်းပေးလိုက်ပါပြီ။ Samsung Galaxy F41 အတွက် Fusion Green , Fusion Black နဲ့ Fusion Blue ၃ ရောင် ထုတ်လုပ်ထားပြီး 6/64GB ကို ၁၆,၉၉၉ ရူပီးနဲ့ 6/128GB ကို ၁၇,၉၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၃ သိန်းနဲ့ ၃ သိန်း ၁ သောင်းခွဲလောက် အသီးသီး ကျသင့်မှာ ဖြစ်ပါတယ်။

သူ့မှာ ၆.၄ လက်မ Full HD+ Infinity U Super AMOLED မျက်နှာပြင် ထည့်သွင်းထားပါတယ်။ Exynos 9611 SoC မောင်းနှင်ထားပြီး 6GB RAM အထိ ရွေးချယ်နိုင်ပါတယ်။ အနောက်ဘက်မှာ 64MP Main , 8MP Ultrawide , 5MP Depth ကင်မရာ ၃ လုံးနဲ့ အရှေ့ဘက်မှာ 32MP ကင်မရာ ၁ လုံး ထည့်သွင်းထားပါတယ်။

ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး Dual Tone ဒီဇိုင်း ဖြစ်ပါတယ်။ အရွယ်ကြီး 6,000mAh ဘက်ထရီက အကြမ်းစားကြီး ဖြစ်ပြီး 15W Charging ထည့်ထားပါတယ်။ ဗီဒီယိုတွေကို ၂၆ နာရီကြာ ကြည့်ရှုနိုင်ပြီး ၄၈ နာရီကြာ ဖုန်း ပြောနိုင်ပါတယ်။

Samsung Galaxy F41 specifications

• 6.4-inch (2340 x 1080 pixels) Full HD+ Infinity-U Super AMOLED display with 420 nits brightness
• Octa-Core (Quad 2.3GHz + Quad 1.7GHz) Exynos 9611 10nm processor with Mali-G72MP3 GPU
• 6GB LPDDR4x RAM with 64GB / 128GB (UFS 2.1) Storage, expandable up to 512GB via micro SD card
• Android 10 with One UI
• Dual SIM (nano + nano / microSD)
• 64MP rear camera, 8MP 123° ultra-wide camera, 5MP depth sensor
• 32MP front camera
• Rear-mounted Fingerprint sensor
• 8.9mm thick; Weights 191g
• 3.5mm audio jack, FM Radio, Dolby Atmos
• Dual 4G VoLTE, Wi-Fi 802.11 ac (2.4GHz + 5GHz), Bluetooth 5, GPS + GLONASS, USB Type-C
• 6000mAh battery with 15W fast charging

Ref : fonearena

%d bloggers like this: