Moto E7 ရဲ့ Specs အပြည့်အစုံ အွန်လိုင်းကနေ ထွက်လာပြီ

Motorola က Moto E7 Plus ကို ပြီးခဲ့တဲ့ လက ကြေညာထားပြီးပါပြီ။ ဒါပေမယ့် Moto E7 ရဲ့ အစအန မတွေ့ခဲ့ရပါဘူး။ အခုတော့ Moto E7 ရဲ့ Specs အပြည့်အစုံ အွန်လိုင်းကနေ ပေါက်ကြားထွက်ပေါ်လာပါပြီ။

Moto E7 မှာ ၆.၂ လက်မ HD+ LCD မျက်နှာပြင် ထည့်သွင်းထားပြီး 19:9 Aspect Ratio ထောက်ပံ့ထားပါတယ်။ အရွယ်သေး Notch မှာ 5MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 13MP Main , 2MP Depth တွေ ထည့်သွင်းထားပါတယ်။ LED Flash ထောက်ပံ့ထားပြီး လက်ဗွေရာ အာရုံခံ ကိရိယာ ပါလာပါတယ်။ 2GB RAM နဲ့ 32GB Storage ထည့်သွင်းထားပြီး microSD Card စိုက်နိုင်ပါတယ်။ ဘက်ထရီက 3,550mAh ဘက်ထရီ ဖြစ်ပြီး microUSB ပဲ ပါတာက သိပ်မမိုက်ပါဘူး။

မသိရသေးတာက Moto E7 ရဲ့ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန် ဖြစ်ပါတယ်။ ကနေဒါက စတိုး ၁ ခုကတော့ ၁၈၉ ကနေဒါ ဒေါ်လာ သတ်မှတ်ထားပြီး ၁ သိန်း ၈ သောင်းလောက်ပဲ ကျသင့်မှာပါ။ နောက်ပိုင်းမှာ သူ့ရဲ့ သတင်းအချက်အလက်တွေကို ပိုမို သိလာရတော့မယ်လို့ ထင်ပါတယ်။

Ref : gsmarena

%d bloggers like this: