PlayStation ဂိမ်းတွေကို အင်တာနက်လိုင်းရှိရုံနဲ့ ကွန်ပြူတာမှာ ကစားနိုင်တော့မည်

Sony ဟာ နောက်ဆုံးမှာတော့ PlayStation ဂိမ်းတွေကို သင့်ရဲ့ Windows PC ထံ ယူဆောင်လာပါပြီ။

Sony ဟာ PlayStation Now for Windows ကို မကြာခင် ဥရောပမှာ စတင်ထုတ်ပေးသွားတော့မှာဖြစ်ပြီး၊ သိပ်မကြာခင်ပဲ မြောက်အမေရိကမှာ ဆက်လက်ထွက်ရှိလာမှာဖြစ်ကြောင်း မနေ့က တရားဝင်ကြေငြာလိုက်ပါတယ်။

Play Station Now ဆိုတာ ရုပ်ရှင်တွေ streaming လွှင့်ပေးတဲ့ Netflix လိုမျိုး game ကို streaming လွှင့်ပေးမယ့် cloud gaming ပလက်ဖောင်းဖြစ်ပြီး၊ အင်တာနက်လိုင်းရှိရုံနဲ့ PS ဂိမ်းတွေကို ကိုယ့်စက်ထဲ သွင်းစရာမလိုဘဲ တိုက်ရိုက် stream ဆော့နိုင်မှာဖြစ်ပါတယ်။ PS4 ၊ PS Vita ၊ Blu-ray player တချို့နဲ့ စမတ်တီဗီတွေမှာ PlayStation Now ရှိနေတာ နည်းနည်းကြာပြီဖြစ်ပေမယ့် Windows အတွက်က အခုမှထွက်လာတာပါ။

PlayStation ဂိမ်းတွေကို PC မှာ ခလုတ်နဲ့ အဆင်ပြေပြေကစားနိုင်ဖို့အတွက် ၂၅ ဒေါ်လာတန် DualShock 4 ကြိုးမဲ့ adapter ကိုလည်း တပါတည်းကြေငြာသွားခဲ့ပါတယ်။ ဒီ adapter ကို သင့် PC မှာ ထိုးပြီး၊ DualShock 4 ခလုတ်နဲ့ ကြိုးမဲ့ချိတ်ဆက်ကစားနိုင်မှာပါ။

PlayStation Now ပလက်ဖောင်းမှာ နာမည်ကျော် PS3 ဂိမ်းတွေဖြစ်တဲ့ The Last of Us ၊ Uncharted ၊ God of War စတဲ့ ဂိမ်းတွေပါရှိပြီး၊ PS Now ကို run ဖို့အတွက် သင့် PC အနေနဲ့ အနိမ့်ဆုံး

  • Windows 7 (SP1) , 8.1 or 10
  • 5 GHz Intel Core i3 ဒါမှမဟုတ် 3.8 GHz AMD A10
  • RAM 2GB
  • Sound Card နှင့် USB port တို့ ရှိရမှာဖြစ်ပါတယ်။

လိုအပ်ချက်က အနိမ့်စားပဲဖြစ်လို့ ဒီဘက်ခေတ် PC တိုင်းလိုလိုမှာ အဆင်ပြေပြဆော့နိုင်မှာပါ။

ဒါပေမယ့် ဝမ်းနည်းစရာတစ်ချက်ကတော့ PS Now ဆော့ဖို့အတွက် အင်တာနက်လိုင်းကတော့ 5Mbps လိုင်း တစ်လိုင်းလိုပြီး၊ ကြိုးအင်တာနက်လိုင်းဆို ပိုကောင်းမယ်လို့ Sony က ဆိုပါတယ်။

PS Now ကို တစ်လ ၁၉ ဒေါ်လာလည်း သွင်းရဦးမှာဖြစ်ပြီး၊ PS3 ဂိမ်းပေါင်း ၄၀၀ ကျော် ကစားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ဒါပေမယ့် နောက်အနာဂတ်တစ်ချိန်မှာတော့ cloud gaming စနစ်ဖြစ်တဲ့ PS Now ဟာ ဂိမ်းမင်းလောကကို လက်ဝါးကြီးအုပ်ဖို့ရှိနေတယ်လို့ ဂိမ်မာအများစုက ခန့်မှန်းထားကြပါတယ်။

playstation-now-windows-001

Ref: Cnet, PlayStation

 

%d bloggers like this: