Samsung Galaxy A21s ရဲ့ 6/128GB Version ကို ရောင်းပြီ

Samsung က Galaxy A21s ကို မေလက ဥရောပမှာ ရောင်းပေးခဲ့ပြီး Exynos 850 Chipset ပါတဲ့ ကမ္ဘာ့ ပထမဆုံး ဖုန်း ဖြစ်လာပါတယ်။ နောက် ၁ လ အကြာမှာ အိန္ဒိယမှာ ချပြခဲ့ပြီး 4/64GB နဲ့ 6/64GB ၂ မျိုး ရောင်းပေးခဲ့ပါတယ်။ အခုတော့ ၄ လ အကြာမှာ 6/128GB ကို အိန္ဒိယမှာ ရောင်းပေးလိုက်ပါတယ်။ ၁၇,၄၉၉ ရူပီး သတ်မှတ်ထားပြီး ၃ သိန်း ၁ သောင်းလောက်ပဲ ရှိပါတယ်။

သူ့မှာ ၆.၅ လက်မ HD+ Infinity O မျက်နှာပြင်၊ 2GHz Octa-core Exynos 850 Processor တွေပါလာပါတယ်။ Android 10 အခြေပြု OneUI 2.0 မောင်းနှင်ထားပြီး အနောက်ဘက်မှာ 48MP Main , 8MP Ultrawide , 2MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး တပ်ဆင်ထားပါတယ်။ အရှေ့ဘက်မှာ 13MP ကင်မရာ ပါလာပါတယ်။ အနောက်ဘက်မှာ လက်ဗွေရာ ကိရိယာနဲ့ အရွယ်ကြီး 5,000mAh ဘက်ထရီ ထည့်ထားပါတယ်။ အနက်၊ အဖြူ၊ အပြာနဲ့ အနီရောင်တွေ ထုတ်လုပ်ထားပါတယ်။

Samsung Galaxy A21s specifications

• 6.5-inch (720×1600 pixels) HD+ Infinity-O display
• Exynos 850 Octa-Core (2GHz Quad + 2GHz Quad) processor
• 3GB RAM with 32 GB Internal Storagem 4GB/6GB RAM with 64GB internal storage, Micro SD slot (Up to 512GB)
• Android 10 with OneUI 2.0
• 48MP (f/2.0 primary) + 8MP (f/2.2 ultra-wide) + 2MP ( f/ 2.4 depth) + 2MP (f/2.4 macro)
• 13MP (f/2.2) front camera
• Rear Fingerprint sensor, Face Recognition
• 4G VoLTE, Wi-Fi 802.11 b/g/n, Bluetooth 5.0, GPS + GLONASS, USB Type-C
• 5,000mAh (typical) battery with 15W Fast Charging

Ref : fonearena , gsmarena

%d bloggers like this: