Xiaomi Mi True Wireless Earphones 2C ကို ကြေညာပြီ

Xiaomi က Mi True Wireless Earphones 2C ကို အိန္ဒိယမှာ ကြေညာလိုက်ပါတယ်။ Mi True Wireless Earphones 2C ဟာ Mi True Wireless Earphones 2 ရဲ့ ဈေးချိုတဲ့ မော်ဒယ် ဖြစ်ပြီး Xiaomi က ထိပ်တန်းအဆင့် အသံအရည်အသွေး ပါတယ်လို့ ပြောပါတယ်။ နားကြပ်မှာ Bluetooth 5.0 နဲ့ ဖုန်းပြောနေချိန်မှာ ပတ်ဝန်းကျင်က ဆူညံသံတွေကို ဖျောက်ပေးမယ့် မိုက်ကရိုဖုန်း ၂ လုံး ပါလာမှာပါ။ Mi True Wireless Earphones 2 ရဲ့ LDHC Hi-res Audio Codec မပါဘဲ AAC Codec ပဲ ထည့်သွင်းထားပါတယ်။

နားကြပ်ကို Case ကနေ ထုတ်လိုက်တာနဲ့ MIUI ဖုန်းတွေနဲ့ အလိုလို ချိတ်ဆက်ပေးနိုင်ပါတယ်။ နားကြပ်ရဲ့ ဘက်ထရီ သက်တမ်းက ၅ နာရီ ဖြစ်ပြီး Case က ဘက်ထရီနဲ့ ပေါင်းရင် နာရီ ၂၀ အသုံးခံပါတယ်။

Mi True Wireless Earphones 2C specifications

• Bluetooth 5.0 (SBC/AAC codes) to connect to Android and iOS devices
• 14.2mm drivers
• Touch controls for volume and track change
• Dual microphones for noise cancellation, voice control
• Infrared sensor for intelligent wear detection so it automatically pauses when you remove them
• Semi-in-ear design to fit your ear canal, making it comfortable to wear and doesn’t fall off easily.
• Each headset weigh just 4.7 grams, Case weighs 48 grams
• 5 hours of standalone playback, 20 hours with the case, USB Type-C charging for the case to charge in 1.5 hours

Mi True Wireless Earphones 2C အတွက် အဖြူရောင်ပဲ ထုတ်လုပ်ထားပြီး ၂,၄၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၄ သောင်း ၄ ထောင်လောက် တန်ကြေးရှိပြီး Flipkart, mi.com နဲ့ တခြား စတိုးတွေကနေ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: