Warp Charge နဲ့ Low-latency Mode ပါတဲ့ OnePlus Bullets Wireless Z Bass Edition ကို ကြေညာ

OnePlus က အိန္ဒိယမှာ Bullets Wireless Z Series အသစ်ကို ကြေညာလိုက်ပါတယ်။ OnePlus Bullets Wireless Z Bass Edition လို့ နာမည်ပေးထားပြီး Reverb Red နဲ့ Bass Blue ၂ ရောင် ထုတ်လုပ်ထားပါတယ်။ အသံနဲ့ ဘေ့စ်တွေ ပိုကောင်းအောင် ဖန်တီးပေးထားပြီး 9.2mm Driver ပါလာပါတယ်။ ဘက်ထရီ သက်တမ်းက ၁၇ နာရီ ဖြစ်ပြီး 100ms Low-latency Mode ပါတဲ့အတွက် အသံနောက်ကျတာ နည်းပါးပါတယ်။

လည်ပင်းမှာ ချိတ်ဆွဲရတဲ့ ဒီဇိုင်း ဖြစ်ပြီး ပါဝါခလုတ် ၁ ခုနဲ့ အသံထိန်းချုပ် ခလုတ်တွေ ပါပါတယ်။ စမတ်ဖုန်းတွေနဲ့ မြန်မြန် ချိတ်ဆက်နိုင်တဲ့ Quick Pair နဲ့ ချိတ်ဆက်ထားတဲ့ Device ၂ ခုအကြားမှာ မြန်မြန် ပြောင်းနိုင်တဲ့ Quick Switch လုပ်ဆောင်ချက်တွေ ထည့်ထားပါတယ်။ နားကြပ် ၂ ခုကို ခွာလိုက်တာနဲ့ သီချင်း ဖွင့်ပေးတဲ့ Magnetic Control ပါလာပြီး ချွေးနဲ့ ရေစိုခံနိုင်တဲ့ IP55 Rating ထည့်ထားပါတယ်။

Bullets Wireless Z Bass Edition ကို ၁,၉၉၉ ရူပီး သတ်မှတ်ထားပြီး မြန်မာငွေ ၃ သောင်းခွဲလောက် ကျသင့်မှာပါ။ Oneplus.in နဲ့ OnePlus Store App တွေကနေ ရောင်းချပေးလိုက်ပါပြီ။ Flipkart , Amazon.in နဲ့ OnePlus မြေပြင်စတိုးတွေကနေ ၁၆ ရက်နေ့နဲ့ မြေပြင်၊ အွန်လိုင်းစတိုး အားလုံးမှာ နိုဝင်ဘာလ ၂ ရက်နေ့ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: