OnePlus က 18W Fast Charging ပါတဲ့ 10000mAh Power Bank ကို ကြေညာ

OnePlus က အိန္ဒိယမှာ 10000mAh Power Bank အသစ် ကို ကြေညာလိုက်ပါတယ်။ သူ့မှာ 18W Fast Charging ထည့်သွင်းထားပြီး Device ၂ ခုကို တစ်ပြိုင်နက် အားသွင်းပေးနိုင်တဲ့ USB-A Port ၂ ခု ပါပါတယ်။ အားသွင်းနေချိန်မှာ အန္တရာယ် ကင်းအောင် ပြုလုပ်ပေးထားပြီး USB Type-C Input Port ပါတဲ့ အတွက် တခြား Device တွေကို အားသွင်းနေချိန်မှာ Power Bank ကိုပါ အားသွင်းထားနိုင်ပါတယ်။

၂၂၅ ဂရမ် အလေးချိန်ရှိပြီး 3D Curved Body နဲ့ တည်ဆောက်ထားပါတယ်။ OnePlus နဲ့ တခြား Device တွေအကြားမှာ Output Power ကို ချိန်ညှိနိုင်ဖို့ စုံစမ်းထောက်လှမ်းနိုင်ပါတယ်။ နားကြပ်နဲ့ ချပ်ဝန်တန်ဆာ ကွန်ပြူတာတွေလို ကိရိယာတွေကို ပါဝါခလုတ် ၂ ချက်နှိပ်ကာ Low Current Mode နဲ့ အားသွင်းနိုင်ပါတယ်။

OnePlus 10000mAh Power Bank အတွက် အနက်နဲ့ အစိမ်းရောင် ထုတ်လုပ်ထားပြီး ၁,၂၉၉ ရူပီး သတ်မှတ်ထားပါတယ်။ ၂ သောင်း ၃ ထောင်လောက်ပဲ ရှိပြီး oneplus.in နဲ့ OnePlus မြေပြင်စတိုးတွေကနေ ရောင်းပေးလိုက်ပါပြီ။

Ref : fonearena

%d bloggers like this: