OnePlus က Nord အတွက် Gray Ash အရောင်ကို ကြေညာ

OnePlus Nord ကို ဇူလိုင် လက ကြေညာခဲ့ပြီး Blue Marble နဲ့ Gray Onyx ၂ ရောင် ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ OnePlus 8T Series နဲ့အတူ Nord အတွက် Gray Ash အရောင်ကို ကြေညာလိုက်ပါတယ်။ အရောင်အသစ်ကို ဥရောပနဲ့ အိန္ဒိယမှာ ရောင်းပေးလိုက်ပြီ ဖြစ်ပြီး ဈေးက 12/256GB Version နဲ့ တူပါတယ်။ ဥရောပမှာ ၅၀၀ ယူရိုနဲ့ အိန္ဒိယမှာ ၃၀,၀၀၀ ရူပီး သတ်မှတ်ထားပြီး ၇ သိန်း ၇ သောင်းနဲ့ ၅ သိန်း ၄ သောင်းလောက် ကျသင့်ပါတယ်။ မြန်မာမှာ 12/256GB Version နဲ့ ဈေးတူနိုင်ပါတယ်။ ဒီဇိုင်းကလွဲပြီး Specs တွေက မူလမော်ဒယ်တွေနဲ့ တူညီပါတယ်။

OnePlus Nord ဟာ ကုမ္ပဏီရဲ့ ပထမဆုံး စွမ်းရည်သင့် ဖုန်း ဖြစ်ပြီး သူ့မှာ ၆.၄၄ လက်မ FHD+ Fulid AMOLED မျက်နှာပြင်၊ 90Hz Refresh Rate ၊20:9 Aspect Ratio တို့ ပါပါတယ်။ အရှေ့ဘက်မှာ 32MP နဲ့ 8MP Ultrawide Punch Hole ကင်မရာ ၂ လုံးနဲ့ အနောက်ဘက်မှာ 48MP , 8MP Ultrawide , 5MP Depth နဲ့ 2MP Macro ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။

SD765G SoC မောင်းနှင်ထားပြီး 5G ပါပါတယ်။ အနောက်ဘက်ကို ဖန်နဲ့ ဖုံးအုပ်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာ ထည့်ထားပါတယ်။ 30T Fast Charging က ၂၂ မိနစ်အတွင်း ၀ ကနေ ၇၀ ရာခိုင်နှုန်း အားဖြည့်ပေးပါတယ်။

OnePlus Nord specifications

• 6.44-inch (1080 x 2400 pixels) Full HD+ 408 ppi 20:9 Fluid AMOLED display with 90Hz refresh rate, Corning Gorilla Glass 5 protection
• Octa Core (1 x 2.4GHz + 1 x 2.2GHz + 6 x 1.8GHz Kryo 475 CPUs) Snapdragon 765G 7nm EUV Mobile Platform with Adreno 620 GPU
• 6GB LPDDR4X RAM with 64GB (UFS 2.1) storage, 8GB LPDDR4X RAM with 128GB (UFS 2.1) storage, 12GB LPDDR4X RAM with 256GB (UFS 2.1) storage
• Android 10 with OxygenOS 10.5
• Dual SIM (nano + nano)
• 48MP rear camera with Sony IMX586 sensor, 0.8μm pixel size, f/1.75 aperture, OIS + EIS Hybrid stabilization, 8MP 119° ultra-wide camera with f/2.25 aperture, 5MP depth sensor with f/2.4 aperture, 2MP macro camera with f/2.4 aperture, 4K video at 30fps, 1080p slow motion at 240fps
• 32MP front-facing camera with Sony IMX616 sensor, f/2.45 aperture, EIS, secondary 8MP 105° ultra-wide camera with f/2.45 aperture
• In-display fingerprint sensor
• Dimensions: 158.3×73.3×8.2mm; Weight: 184g
• USB Type-C audio, Super linear speaker
• 5G SA/NSA, Dual 4G VoLTE, Wi-Fi 6 802.11 ac (2.4GHz + 5GHz) 2X2 MIMO, Bluetooth 5.1, GPS (L1+L5 Dual Band) + GLONASS, NFC, USB Type-C
• 4115mAh battery with Warp Charge 30T Fast Charging (5V/6A)

Ref : fonearena

%d bloggers like this: