ဒီဇိုင်း မိုက်တဲ့ OnePlus Buds Z TWS နားကြပ်ကို ကြေညာ

OnePlus က Buds Z TWS နားကြပ် အသစ်ကို ကြေညာလိုက်ပြီး ဇူလိုင်လက ကြေညာခဲ့တဲ့ Buds ထက် ဈေးပိုချိုလာပါတယ်။ မော်ဒယ် အသစ်မှာ 10mm Dynamic Driver နဲ့ Dolby Atmos ရဲ့ 3D စတီရီယိုတွေ ထည့်သွင်းထားပါတယ်။ ဆီလီကွန်ထိပ်ဖူး အရွယ်အစား ၃ ခု ပါလာပြီး ဒီဇိုင်းကို ဆန်းသစ်ထားပါတယ်။

နားကြပ် တစ်ခုစီမှာ 40mAh ဘက်ထရီပါလာပြီး Charging Case မှာ 450mAh ထည့်သွင်းထားပါတယ်။ နားကြပ်ဟာ ၄.၃၅ ဂရမ် အလေးချိန်ရှိပြီး Charging Case က ၄၀ ဂရမ် အလေးချိန် ရှိပါတယ်။ Bluetooth 5.0 ပါလာပြီး ရေနဲ့ ချွေးစိုခံတဲ့ IP55 စံနှုန်း ထည့်ထားပါတယ်။ USB Type-C နဲ့ Fast Charging ပါလာပြီး ၁၀ မိနစ် အားသွင်းရင် ၃ နာရီ သီချင်းနားထောင်နိုင်တယ်လို့ OnePlus က ပြောပါတယ်။

OnePlus Buds Z အတွက် အဖြူနဲ့ အညိုရောင် ထုတ်လုပ်ထားပြီး ၃,၁၉၀ ရူပီး သတ်မှတ်ထားပါတယ်။ ၅ သောင်း ၆ ထောင်လောက်ရှိပြီး နိုဝင်ဘာလ ၂ ရက်နေ့ အိန္ဒိယမှာ Oneplus.in နဲ့ OnePlus Store App ကနေ ရောင်းမှာပါ။ အောက်တိုဘာလ ၂၆ ရက်နေ့မှာ Amazon.in , Flipkart.com နဲ့ OnePlus Offline Store တွေကနေ ရောင်းမှာပါ။

Ref : fonearena

%d bloggers like this: