0 Shares 54 Views

ဖုန်းအားသွင်းဖို့အတွက် ရေသာလိုတဲ့ အားသွင်းစက်

ဆွီဒင်အခြေစိုက်၊နည်းပညာကုမ္ပဏီ myFC ဟာ ရေကိုသုံးပြီး ဖုန်းအားသွင်းပေးနိုင်မယ့် ချာဂျာတစ်မျိုးကို ဖန်တီးခဲ့ပါတယ်။

PowerTrekk လို့အမည်ပေးထားတဲ့စက်ဟာ အုတ်ခဲတစ်ခဲအရွယ်ရှိပြီး၊ ပေါ့ပါးကာ၊ ဓာတုဓာတ်ပြုနည်းနဲ့ လျှပ်စစ်စွမ်းအင်ထုတ်ပေးတဲ့ လောင်စာဆဲလ်ချာဂျာဖြစ်ပါတယ်။

ဖုန်းအားသွင်းချင်တဲ့အခါ၊ စက်မှာပါတဲ့အကန့်ထဲကို ရေလောင်းချပြီး၊ စက်မှာတပါတည်းပါတဲ့ PowerPukk ကတ်ထရစ်တောင့်ကို၊ အဆိုပါအကန့်ထဲထည့်ပေးလိုက်ရုံနဲ့ မိမိဖုန်းကိုအားသွင်းနိုင်မှာပါ။

ဒီစက်မှာ အနည်အနှစ်မပါတဲ့ စမ်းရေ၊ ဆားငန်ရေနဲ့ ညစ်ညမ်းရေစတဲ့ ဘယ်လိုရေမျိုးမဆိုသုံးနိုင်တယ်လို့ သိရပါတယ်။

PowerTrekk ကို ပြုလုပ်ခဲ့တဲ့ myFC ကုမ္ပဏီဟာ သဘာဝပတ်ဝန်းကျင်ဦးစားပေးနည်းပညာကုမ္ပဏီတစ်ခု ဖြစ်ပြီး၊ PowerTrekk ဟာ ဆိုဒီယမ်ဆီလီဆိုက်ဓာတ်တစ်မျိုးကို ရေနဲ့ ဓာတ်ပြုစေကာ၊ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ ကိုထုတ်ပေးပြီး လောင်စာဆဲလ်ကို အားဝင်စေတာဖြစ်ပါတယ်။

ဆိုဒီယမ်ဆီလီဆိုက်ပေါင်ဒါမှုန့်ဟာ အဆိပ်အတောက်ဘေးထွက်ပစ္စည်းထွက်ရှိမှုမရှိဘဲ၊ ရေနဲ့ ဓာတ်ပြုချိန်မှာ ရေငွေ့နဲ့ဟိုက်ဒရိုဂျင်ဓာတ်ကိုသာ ထုတ်ပေးတာကြောင့် ပတ်ဝန်းကျင်ထိခိုက်မှုလည်းမရှိဘူးလို့ဆိုပါတယ်။

တစ်ခါအားသွင်းရင် AA ဘက်ထရီဓာတ်ခဲလေးခဲစာအားသွင်းပေးနိုင်ပြီး၊ ၁၀ နာရီစာပမာဏရှိတဲ့ ဖုန်းအားသွင်းပေးနိုင်တယ်လို့သိရပါတယ်။ ၀ယ်ယူအသုံးပြုသူတွေအနေနဲ့လည်း ပြန်လည်အသုံးပြုဖို့အတွက် ကတ်ထရစ်တောင့်ရဲ့အစားထိုးပစ္စည်းတွေကိုလည်း အလွယ်တကူဝယ်ယူရရှိနိုင်ကြောင်းလည်း Metro သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

Ref: Metro

 

 

You may be interested

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ
NEWS
770 shares256 views

မြန်မာနိုင်ငံကို သွားလည်ကြည့်ဖို့ တိုက်တွန်းတဲ့ Twitter CEO ဝေဖန်ခံရ

Nigma - Dec 10, 2018

(Zawgyi) Twitter CEO Jack Dorsey ဟာ မြန်မာနိုင်ငံအကြောင်း ချီးကျူးပြောဆိုမှုကြောင့် ဝေဖန်ခံနေရပါတယ်။ လူ့အခွင့်အရေးချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေတဲ့ မြန်မာနိုင်ငံကို လည်ပတ်ဖို့ အကောင်းဆုံးနေရာတခု ဖြစ်ကြောင်း Jack Dorsey က တနင်္ဂနွေနေ့မှာ ရေးသားခဲ့အပြီးမှာ ဝေဖန်ခံခဲ့ရတာပါ။ Jack…

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ
HUBS, Mobiles & Tablets, NEWS
143 shares51 views

512GB ပါတဲ့ ZTE Nubia X Starry Night ထွက်ရှိ

Ko Thuya - Dec 10, 2018

ZTE က မကြာခင်ကပဲ မျက်နှာပြင် နှစ်ခု ပါတဲ့ Nubia X ကို ကြေညာခဲ့ပါတယ်။ သူ့အတွက် 64 or 256GB များ ထုတ်လုပ်ပေးထားပါတယ်။ အခုတော့ 512GB ပါတဲ့ Starry Night Model ကို…

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro
Android, HUBS, Mobiles & Tablets
208 shares32 views

ညအလင်းရောင်ကို သဘာဝကျကျ အလှပဆုံး ဖမ်းယူနိုင်တဲ့ ၈၉၉,၉၀၀ ကျပ်တန် OPPO R17 Pro

Ko Thuya - Dec 10, 2018

OPPO Myanmar က Seize the Night ဆိုတဲ့ ခေါင်းစဉ်နဲ့အတူ မိတ်ဆက်ပေးလာတဲ့ high-end R series အသစ် OPPO R17 Pro ကိုတော့ (၈၉၉,၉၀၀) ကျပ်ဖြင့် ဒီဇင်ဘာ (၁၀) ရက်နေ့ ကစပြီး…

Most from this category