Apple က iPhone 12 Series အတွက် MagSafe Charger နဲ့ MagSafe Accessory တွေကို ကြေညာ

Apple က iPhone 12 Series ကြေညာပွဲမှာ Wireless Charging အတွက် MagSafe နည်းပညာ အသစ်ကို ချပြလိုက်ပါတယ်။ MagSafe Wireless Charger ကနေ iPhone အသစ်တွေကို ကြိုးမဲ့အားသွင်းပေးနိုင်ပါတယ်။ ဒါ့အပြင် Apple က အဲဒီနည်းပညာ ပါတဲ့ Accessory အသစ် ၄ ခုကိုလည်း ချပြလိုက်ပါတယ်။

ပထမ ၁ ခုက MagSafe Wireless Charger ဖြစ်ပြီး Qi စံနှုန်း ဖြစ်ပါတယ်။ သူကနေ iPhone 12 Series အပြင် Qi စံနှုန်းပါတဲ့ Device အားလုံးကို အားသွင်းပေးနိုင်ပါတယ်။ iPhone အသစ်တွေကို 15W Charging နဲ့ အားသွင်းပေးနိုင်ပါတယ်။

iPhone အသစ် အားလုံးအတွက် Silicone Case နဲ့ Clear Case ကိုလည်း ကြေညာခဲ့ပြီး သူတို့မှာ MagSafe Magnetic Coils ထည့်သွင်းထားတဲ့အတွက် iPhone တွေကို သံလိုက်နဲ့ နေရာတကျ ကပ်ကာ အားသွင်းပေးပါတယ်။

နောက်ဆုံး ၁ ခုက iPhone Leather Wallet ဖြစ်ပြီး iPhone နောက်မှာ ကပ်ထားနိုင်ပါတယ်။ Credit Card နဲ့ ID တွေ ထည့်ထားနိုင်ပါတယ်။

MagSafe Wireless Charger ကို ၃၉ ဒေါ်လာ သတ်မှတ်ထားပြီး ၅ သောင်းလောက် တန်ကြေးရှိပါတယ်။ Case ၂ ခုစလုံးဟာ ၄၉ ဒေါ်လာပဲ ဖြစ်ပြီး မြန်မာငွေ ၆ သောင်း ၄ ထောင်လောက် ကျသင့်မှာပါ။ Leather Wallet ကို ၅၉ ဒေါ်လာ သတ်မှတ်ထားပြီး ၇ သောင်း ၇ ထောင်လောက် တန်ကြေးရှိပါတယ်။

Ref : fonearena

%d bloggers like this: